Professional Authors

အချစ်ရှိ နေ့စွဲများ – နရီထက်

နံနက်ခင်းမှ စကာရယ်
ရင်ခုန်သံတွေလေး နားထောင်မိတယ်
မင်းကိုပြောမယ့်စကား
အစီအရီတွေ ကျဆင်းလာရဲ့
ရင်ဘတ်ထဲမှာ အပြည့်နှင့်
နေ့သစ်တစ်နေ့ရဲ့ နိဒါန်းပျိုကဗျာ

ပန်းတစ်ပွင့်ရဲ့ရင်ခုန်သံ
နမ်းရှိုက်ကာကြည့်တော့
အလှတွေ ပိုကဲနေတယ်
လေပြေလေးသင်းကာရယ်
တစ်သက်စွဲစရာ
အချစ်သွေးကြောကြား
ဦးနှောက်က လှုပ်နိုးနေတယ်
မင်းကို ချစ်ထားတဲ့. . .

ထိုင်ခဲ့ကြ ဆိုင်တန်းများ
မင်းနှင့်တို့ ပျော်ရွှင်စရာနေ့စွဲတွေ
ကော်ဖီဆိုင်ကလေးလည်း မှတ်မိနေသေး
မျက်နှာချင်းဆိုင်ထိုင် အကြည့်တွေစုံလို့
အပြုံးမျက်နှာတွေနှင့် စကားတွေမပြောစုံကြတယ်
လမ်းလျှောက်ကာပြန်လာကြ လမ်းကလေး
 ငါတို့ကို မှတ်မိနေသေး
လက်ကလေးဆက်ကာရယ်
ပခုံးချင်းမှီလို့
ခပ်လှမ်းလှမ်းကလေး လျှောက်နေအုန်းမယ်
အချစ်များစွာနှင့် နေ့သစ်များဆီ. . .။     ။

နရီထက်
( ၂၂ ၊ သြဂုတ်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Aug 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment