Professional Authors

မီးနတ်သမီးပျိုရဲ့ စိတ်အစာ

ညနေက နုမျစ်လှတဲ့ အပျိုမရဲ့ ရှက်သွေး ဖျန်းသလိုမျိုး
ဒီအချိန် …
ငါ့အာရုံတွေ လှုပ်နှိုး ဖို့ ညနေအိုနဲ့ ချိန်း ဆိုခဲ့တယ်။

ပုံရိပ်တွေ တဖျတ်ဖျတ် တလက်လက် ထခုန်
ငါ့ရင်ပျိုးခင်း တစ်ခုလုံး မီးနတ်သမီးပျို အလိုကျ
ကျကျနန လောင်ကျွမ်း ပြလိုက်တယ်။

ဘ၀အိုအို နဲ့ ပျိုမြစ် အဆင် အသွေး
အလှမ်း ဝေးလှတယ်
ငါရဲ့ လူးလွင့်လှေကလေး ကမ်းမကပ်နိုင်ခဲ့တာလဲ
မီးနတ်သမီးပျို အလိုကျပါပဲ ။

နှုတ်ခမ်း တစ်စုံ အရွေ့ တိုင်း အရွေ့တိုင်း ဟာ
ဖတ်လက်စ ဘ၀စာမျက်နှာရဲ့
သမိုင်း အကြောင်းကို ကို ရေးထွင်း မဲ့ လက်တစ်စုံပါပဲ
ငါလွတ်လွတ်ကျွတ်ကျွတ် ပြိုလဲခဲ့ တယ် ဆိုတဲ့အကြောင်း
မီးနတ်သမီးပျို ဖတ်ပါလေ ။

ပန်းကလေး တစ်ပွင့် ပွင့်ဝေလာပုံ အနှေးပြကွက်လိုမျိုး
ငါ ဖူးပွင့် လိုက်တယ်
ခြောက်သွေ့ လောင်ကျွမ်းရမယ်ဆိုတာကလဲ
မီးနတ်သမီးရဲ့ ကျိန်စာပါပဲ ။

စိတ်အံဖတ် အပျက်စီး ပုံထဲက ရုပ်ကြွင်း နဲ့
ငါ့ မနက်ခင်းတွေကို ခင်းကျင်းထားရတာလဲ
မီးနတ်သမီးပျို အလိုကျပဲ မဟုတ်လား။ ။

မိုးသစ်ညို

Credit Go to moethittnyo@MyanmarCupid Community Forums

In: ကဗျာ Posted By: Date: Sep 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment