Professional Authors

“ကန့်သတ် တံတိုင်း ”

ဘာကိုမှ မဆိုချင်တော့ဘူးကွယ်

ပိုက်ပိုက်ထွေးထွေး မနေရမှတော့

ငိုက်ငိုက်လေး ပဲ ငေး နေမိ

ငါ့ ရင်ဘတ် ဘယ်ဘက် အခြမ်းက

မိုးခေါင်ရေရှားရပ်ဝန်းမှာ

တစ်ညတာ လေး

လသာခဲ့ဖူးတယ် လို့ပဲ

တသသ နဲ့ လွမ်းဆွတ်နေပါရစေ ။

 

ဥတုရာသီ ၊ ကာလ ၊

ဒေသ အချိန် တွေကြောင့်

ဘယ်လောက် ပင်

အရောင်တွေ ပြောင်းပြောင်း

အဖြူရောင် ဆိုတဲ့

ခပ်ဟောင်းဟောင်း တံတိုင်းကြီး ကပဲ

ခန့်ခန့် ကြီး ကွာခြားနေလေတော့

တွေ့ဆုံရက်ရဲ့ စက္ကန့်ပေါင်း

ရှစ်သောင်း ခြောက်ထောင်လေးရာ ကုန်သွား တိုင်း

စက်ဝိုင်း အတိုင်းသာ

ပြန် ပြန် လည် ပတ် ခဲ့

 

တစ်ခါတစ်လေ ဆုံလာ တဲ့

မျက်ဝန်း ခပ်နက်နက် ကို

မျှော်လင့် ချက် မဲ့ မော့မော့ ကြည့်တိုင်း

ဘယ်ဘက်ရင်အုံ under control အောက်က

ခုန်ခုန် က တတ်တဲ့

ခပ်ဆော့ဆော့ အကောင်လေး ကို

တိတ် တဆိတ် ဆုံးမရင်း

ဒီတံတိုင်း ရဲ့အောက် မှာပဲ

ကျရှုံးခဲ့ ရပြန် ပြီ ။

 

( အေးချမ်းဖြူ ) 10 oct 2010 12:00 pm

In: ကဗျာ Posted By: Date: Apr 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment