Professional Authors

ဘယ်တော့မှ

ချစ်တုန်းက တော့ ချစ်ပြီး
နင် မလိုတော့မှ ပစ်ထားခဲ့လို့ ရမတဲ့လား …
အဟားဟား …
နင်သိထားဖို့က … ဒါဟာ လူမဆန်တာပဲ … ။

ငါဆိုတဲ့ မိန်းမကလေ …
နင်ခြွေလို့ ကြွေရမယ့်
ပန်းတစ်ပွင့် အဖြစ်ထက် …
ကိုယ်တိုင်ကြွေကျမယ့်
ကြယ်တစ်ပွင့် အဖြစ်ကို ပိုမြတ်နိုးတာ …
နင် သိ လား … ။

ငါ … လောင်ကျွမ်းမယ် …
အတောက်ပ ဆုံး လောင်ကျွမ်းမယ် …
ပြီးတော့မှ … နင့်ရှေ့မှာ …
အလှပဆုံး ကြွေကျ ပြမယ် …
နင့်လက်ထဲမှာတော့ …
(ဘယ်တော့မှ)
မရှုမလှ ချေမွမခံဘူး …
နင် မှတ် ထား … ။

In: ကဗျာ Posted By: Date: Jan 11, 2011
Comment #1

ငါ … လောင်ကျွမ်းမယ် …
အတောက်ပ ဆုံး လောင်ကျွမ်းမယ် …
Gr8<<< xD

commentinfo By: Thetpong at Jan 12, 2011
Comment #2

အားပေးသွားပါတယ်
ငါ … လောင်ကျွမ်းမယ် …
အတောက်ပ ဆုံး လောင်ကျွမ်းမယ် …
ပြီးတော့မှ … နင့်ရှေ့မှာ …
အလှပဆုံး ကြွေကျ ပြမယ် …

commentinfo By: genius.jinx28 at Jan 12, 2011
Comment #3

လာအားပေးကြတဲ့ အတွက်
ကျေးဇူးပါ … 🙂

commentinfo By: ယုစံ at Jan 12, 2011
Comment #4

Wow…
SO Strong

commentinfo By: ei lay at Nov 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment