Professional Authors

ကြေကွဲ ရောင်

မရမ်းဆီရောင် ညနေခင်းတစ်ခုမှာ
ငါက ကျီး အ  တစ်အုပ်နဲ့ အတူ ပြန်ခဲ့တယ်။

စိတ်္တဇနာမ် နဲ့ ငါနဲ့ က ရန်ဖြစ်ရင်း
ဘ၀သစ်အတွက် ဘ၀ အဟောင်း နဲ့ ချိတ်ဆက်ကြည့်မိတယ်
ရေစက် ဟောင်းမရှိခဲ့လို့ထင်ပါတယ်
အရာ အားလုံးကို ရေစက်ချ လိုက်ရတယ်
သာဓုခေါ်ကြပေါ့ ….

ငါပေးခဲ့ တယ်ဆိုပေမဲ့ သူမယူခဲ့ပါဘူး
လင်းပြတ်တဲ့ ဝေါဟာရမျိုးတောင် မပွင့် ခဲ့ပါပဲနဲ့
ငါက ရနံ့တွေ ရယူချင်သေးသတဲ့
ရယ်စရာ ကောင်းမနေဘူးလား ………..
ကျီး အ  တွေကတော့  တအာ…..အာ…အာ …..နဲ့
ငါကတော့ တစာစာ မငိုကြွေးမိပါဘူး.. ။

မမြင်မိလိုက်ဘူးဆိုပေမဲ့   ကြားသိမှု ကနေ
ငါ…  မသိလိုက် မသိဖာသာ နေကြည့်တယ်
နေလို့ မရဘူး  …
နေကြည့်တယ်…..
ငါ့ရင်ဘတ်ကြီးပဲ   တစ်ဖြည်ဖြည်း နာကျင်ရတယ် ။

သူသိခဲ့ တယ် ဆိုတာ မသေချာပေမဲ့
မုသာဝါဒ စစ်စစ်တွေ ဖြစ်ကြောင်းကိုတော့
ငါက…အလိုလို နေရင်း သိနေပြန်ရော …
ကဲ …မခက်ချေဘူးလား ..။

ငါ့ ဝေခွဲ မရ တဲ့ မောဟစိတ်ကလေးကပဲ
အရောင်အမျိုးမျိုး ခြယ်လို့ချယ်
စိတ်ပြောင်း စိတ်လွှဲ အတတ်ပညာ တွေနဲ့
မှော်ဆန်ဆန် လှည့်စားထားလိုက်တာ
ငါ့မှာသာ အရောင် တွေ ဆန်းလို့ နေရပြီပေါ့ ။

ဒီလိုနဲ့ပဲ…
မရမ်းဆီရောင် ညနေခင်းတစ်ခုမှာ
ငါ……..ကျီး အ  တစ်အုပ်နဲ့ အတူ ပြန်ခဲ့တယ် ။   ။

မိုးသစ်ညို

Credit Go to moethitthyo@ MyanmarCupid Community Forums

In: ကဗျာ Posted By: Date: Sep 23, 2010
Comment #1

နားတော့ နည်းနည်း ငြီးမယ် လိုက်ခဲ့လေ 😀

commentinfo By: မိုးသစ်ညို at Sep 23, 2010
Comment #2

ငါပေးခဲ့ တယ်ဆိုပေမဲ့ သူမယူခဲ့ပါဘူး
လင်းပြတ်တဲ့ ဝေါဟာရမျိုးတောင် မပွင့် ခဲ့ပါပဲနဲ့
ငါက ရနံ့တွေ ရယူချင်သေးသတဲ့
ရယ်စရာ ကောင်းမနေဘူးလား ………..
ကျီး အ တွေကတော့ တအာ…..အာ…အာ …..နဲ့
ငါကတော့ တစာစာ မငိုကြွေးမိပါဘူး.. ။

commentinfo By: အသဲကွဲမိုး at Jul 22, 2011
Comment #3

သူသိခဲ့ တယ် ဆိုတာ မသေချာပေမဲ့
မုသာဝါဒ စစ်စစ်တွေ ဖြစ်ကြောင်းကိုတော့
ငါက…အလိုလို နေရင်း သိနေပြန်ရော …
ကဲ …မခက်ချေဘူးလား ..။
——————————–
အင်းး ခက်တယ် … ကိုယ်ကသိနေပေမဲ့ ..
သူကမသိဘူးထင်နေတာ ..
မကြားသိရပေမဲ့ … မြင်နေရတယ်
အဲဒါ တော်တော်ခက်ပါတယ် .. 🙂

commentinfo By: နတ်သမီး at Feb 8, 2012
Comment #4

ကိုမိုးသစ်ညိုရဲ့ ကဗျာအသစ်တွေဖတ်လို့ရနိုင်မဲ့ ဆိုဒ် ..ဒါမှမဟုတ် လင့်ခ်ဖြစ်ဖြစ် ရှိရင်ပေးပါလား

commentinfo By: နတ်သမီး at Feb 8, 2012
Comment #5

မနတ်သမီး ရေ… ကျွန်တော် ကဗျာ အသစ်တွေ မရေး ဖြစ်တာ ကြာသွားပါတယ်ဗျာ… ကျွန်တော့ ကဗျာတွေ ကို အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ….ခုလောလော ဆယ် အသစ်တွေတော့ မရှိသေးပါဘူး….
ကျွန်တော့ ဘလော့ ကတော့…

moethitt.blogspot.com ပါခင်ဗျာ…

commentinfo By: moethittnyo at Feb 27, 2012
Comment #6

ကျေးဇူးတင်ပါတယ် ကိုမိုးသစ်ညို . . .. အလည်လာခဲ့ပါ့မယ်ရှင် ..
ဒီမှာလဲ အချိန်အားရင် တင်ပေးပါအုံး . . . အားပေးနေပါတယ် .. 🙂

commentinfo By: နတ်သမီး at Feb 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment