Professional Authors

ကြေးမုံ( ၂၀၀၁-ကြိုးညှိမရတဲ့ ဂစ်တာတစ်လက်ရဲ့ရစ်သမ်မှ)

ချစ်သူ..
ဒီမှာ ငါ့ဘ၀စာမျက်နှာ
ရေးပါ
ငါ့ရာဇ၀င်ကိုမင်းကြိုက်သလိုရေးပါ၊၊
မင်းရေးလိုက်တဲ့ဝါကျတိုင်းမှာ
မင်းဟာ ကတ္တားအဖြစ်အမြဲနေပါ
ငါ့ကိုတော့
ကံပုဒ်အဖြစ်ထားချင်ထားပေါ့ ၊၊
မင်းညွှန်ပြတဲ့ကြိယာတိုင်း
အဆိပ်ခွက်ချည်းဖြစ်ပါစေ
ငါ့အတွက်တော့
အိပ်မက်ချိုတွေပါပဲ၊၊
ထွင်ပါ
စကားလုံးအသစ်တွေ
အရေးအဖွဲ့အသစ်တွေ
နိမိတ်ပုံအသစ်တွေ
ငါနားလည်ပါတယ်
မင်းမျက်လုံးအဘိဓာန်တစ်အုပ်လုံး
အလွတ်ရထားတဲ့ကောင်ပဲ၊၊
ဒါပေမဲ့တစ်ခုတော့ရှိတယ်
နာမ၀ိသေသနပန်းလှလှတွေ
မင်းရဲ့ရှေ့မှာ အမြဲချိတ်ဆွဲထားပါ
ဒါဆို ငါ့ရာဇ၀င်
လှပစွာ
ကျန်ရစ်နေမှာ……….

In: ကဗျာ Posted By: Date: Apr 10, 2013
Comment #1

Mike de.

commentinfo By: ei lay at Apr 11, 2013
Comment #2

LIKE .. နှစ်သက်စွာ ခံစားအားပေးလျက်

commentinfo By: အသဲကွဲမိုး at Apr 11, 2013
Comment #3

Cool

commentinfo By: မေပျို at Apr 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment