Professional Authors

ဘ၀=စကားလုံး

ရည်ရွယ်ချက်နှင်တံဟာ အသိမှေးမှိန်
ထကြွတဲ့နှလုံးခုန်သံဟာ မောပန်းလို့
ဘ၀လှေငယ်ဟာ
ခမ်းခမ်းနားနား သေဖို့ကြိုးစားတယ်

မျက်နှာနောက်က စိတ်စာမျက်နှာဟာ
မောပန်းလို့ 
ဒေါသကို ဖုံးတယ်

တွေးရင်း မောဟိုက်လာတဲ့ မျက်ဝန်းတစ်စုံဟာ
နှုတ်ခမ်း တင်းတင်းစေ့ရင်း ၀မ်းနည်းတယ်

မျက်ရည်စက်လတ်ဟာ
လောကဒဏ်ခတ်ခြင်း ခံရတဲ့
လောဘသားအတွက် ဖြစ်တယ်

အသင့်စောင့်ဆိုင်းတဲ့ကြက်ခြေခတ်ဟာ
ရှိုက်ကြီးတငင်ငိုကြွေးလို့
လက်တံတွေက တားဆီးတယ်

တိုတောင်းတဲ့ ပိုင်ဆိုင်ခွင့်ဟာ
လောဘမှာနှစ်လို့
ယန်ပေါဆပ်ဟာ အမှောင်ထုကို ကျေနပ်စေတယ်

တကယ်တော့
ဘ၀ဟာ
လိမ်ညာ၊မာန်ထတဲ့
လောက ကို ဖန်ဆင်းမဲ့ စကားလုံးတွေသာဖြစ်တယ်။

In: ကဗျာ Posted By: Date: Sep 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment