Professional Authors

ပန်းကဇောင်း

သွေးဆာညနေများ
တစ်ကြွပ်ကြွပ်၊ တစ်ဆပ်ဆပ်
မောဟဇောချွေး  စွတ်စိုပေါ့။

ကမ်းလှမ်းလက်
ပယ်ဖျက်….ဖယ်ဖျက်
နက်ဖြန်… ရှာမတွေ့တော့
အသိ ‘သုည’ ဟာ
ဒီညမှာ အမှန်ဖြစ်တယ်။

ပန်းကဇောင်း ?
အဆိပ်ဖြစ်တယ်
အသွေး…
အသွေးကို….
ထိုးဖောက်..ထိုးဖောက်….
ကျေနပ်တဲ့ ညမှာ
ငါဟာ……
ပန်းကဇောင်းက အဆိပ်သင့်သူဖြစ်တယ်။        ။

In: ကဗျာ Posted By: Date: Sep 21, 2010
Comment #1

ပန်း က ဇောင်း ?
ကျွန်တော်ကတော့ တစ်ခါမှ ဒီစကားကို မကြားဖူးဘူး
ဒါပေမဲ့ အသွေးအသား ကိစ္စလို့ ထင်တာပဲ
ဖြစ်နိုင်ရင် ဘာကိုဆိုလိုတယ်ဆို တာပြောပြပါဦး
အရမ်းကိုကြိုက်ပါတယ်…

commentinfo By: myomyo at Sep 24, 2010
Comment #2

အရမ်းကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #3

arr pay twar par d,

commentinfo By: ei lay at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment