Professional Authors

အချစ် စစ်

ချစ်ခြင်းသည်
စစ်တလင်း ဖြစ်သည့် အခါ …..
အချွဲအနွဲ့က စစ်ခရာ
ချစ်စကားက အဆိပ်မြှား
 အနမ်းနှပ်ခမ်း လေးညှို့တင်
စစ်မီးလျှံ မျက်ဝန်းတစုံက
မာနတွေ ပြာကျစေမတဲ့လား။

စစ်ဗုံသံ ရင်ခုန်ချက်နဲ
ကတိစကား ဒိုင်း ကတစ်ဘက်
မေတ္တာသွေး ဆူပွက်
ရာဇဝတ်နှလုံးသား အတွက်
သစ္စာဓါးကို မြန်းခဲ့ပြီ။

ပိုင်ခဲ့ရ အချစ်တခု အတွက်
အနိုင်တိုက်ရတဲ့ စစ်မှာ
အချစ်ပြက် အမုန်းတက်
သစ္စာဓါးသွားထက်
ရာဇဝင် သွေးကြွေးဆက်ခဲ့ပြီ။

In: ကဗျာ Posted By: Date: Sep 11, 2011
Comment #1

အနိုင်တိုက်ရတဲ့ စစ်မှာ
အချစ်ပြက် အမုန်းတက်
သစ္စာဓါးသွားထက်
ရာဇဝင် သွေးကြွေးဆက်ခဲ့ပြီ။

ကောင်းပါတယ်

commentinfo By: virus at Sep 11, 2011
Comment #2

ဒါဆိုရင်တော့လူတိုင်းစစ်တိုက်ဖူးပါတယ်……..

commentinfo By: May Kha at Sep 12, 2011
Comment #3

ပိုင်ခဲ့ရ အချစ်တခု အတွက်
အနိုင်တိုက်ရတဲ့ စစ်မှာ
အချစ်ပြက် အမုန်းတက်
သစ္စာဓါးသွားထက်
ရာဇဝင် သွေးကြွေးဆက်ခဲ့ပြီ။
ကောင်းတယ်ဗျာ။

commentinfo By: yelaylover2010 at Sep 12, 2011
Comment #4

nice

commentinfo By: ei lay at Sep 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment