Professional Authors

မျော်နေမိသူ…..

မျော်နေမိသူ…………

မုန်းတယ်….မုန်းတယ်..။

ငါအော်ဟစ်နေပေမယ့်လဲ
တကယ်တော့…
အချစ်မရှိပဲ  ငါမနေနိုင်ခဲ့ဘူး။

တစ်ချိန်ကတော့..
နလုံးသားကို
ကျောက်သားနဲ့ တည်ဆောက်
ဆူးတွေနဲ့ ကာရံ
မာနကို ကိုးကွယ်ခဲ့သူပါ။

ခုတော့…
ငါ့မာနတွေ
နင့်ရှေ့ မှာဒူးထောက်ပြီ။

ငါ့နလုံးသားကိုလဲငါအရှုံးပေးလိုက်ပါပြီ။
အချစ်ဆိုတာကိုလဲ ငါကျရှုံးကြောင်းဝတ်ခံလိုက်ပါပြီ။

အတ်တတွေနဲ့ တင်းခံထားခဲ့ပေမယ့်..
ငါကအချစ်ကိုငတ်နေသူပါ။

ခုတော့အချစ်ရဲ့ခြေသံကိုနားစွင့်ကာ
အချစ်နင်းလျောက်လာမယ့်လမ်းမှာ
ငါ့နလုံးသားကိုဖြန့် ခင်းထားရင်း
ရပ်စောင့်နေလိုက်တော့မယ်….။

In: ကဗျာ Posted By: Date: Nov 18, 2010
Comment #1

မဆိုးပါဘူး ခံစားလို့ရပါတယ်
တင်ထားတဲ့စာသားတွေက
တစ်ချို့တလေကျတော့ငါ့ရဲ့အဖြစ်နဲ့သွားတူတယ်
လေးစားပါတယ် အဲလိုရေးနိုင်တာကိုက
ဟီး ဟီး ……………………….

commentinfo By: လမင်း at Nov 18, 2010
Comment #2

ကျေးဇူးတင်ပါတယ်နော…။နောက်လဲအားပေးပါဦး

commentinfo By: gothica at Nov 19, 2010
Comment #3

မဆိုးပါဘူး…
လိုပါသေးတယ်…
ဆက်ကြိုးစားပါ…
အားပေးနေလျှက်..

commentinfo By: ဧပရယ် at Nov 19, 2010
Comment #4

နောက်ဆုံးတော့ ကျောက်အဖြစ်သက်သက်မဲ့ဖန်ဆင်းထားခဲ့တဲ့နှလုံးသားကိုဘယ်အရာကများ အရည်ပြန်ပျော်စေပါလိမ့်နော် …………. 😀

commentinfo By: ရွှေငါး at Nov 20, 2010
Comment #5

အော…
ဒါကတော့ကိုယ်တိုင်ကြုံတွေ့ ဖူးရင် သိပါလိမ့်မယ်…။

commentinfo By: gothica at Nov 20, 2010
Comment #6

အင်းးးးးးးး.. ဒါတော့ဟုတ်မယ်……… 😛

commentinfo By: ရွှေငါး at Nov 22, 2010
Comment #7

လွမ်းလို့ သေသွားတဲ့ သစ်ပင်ထဲက တစ်ခုကို သတိရတယ်ဗျ

“သူရဲကောင်းဆိုတာ ကံကြမ္မာကို အကူအညီမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူ” ဆိုလားပဲ

“အချစ်ဆိုတာ သူရဲကောင်းတွေလက်နက်ချရတဲ့ နတ်ဘုရားမ” လို့ ဆိုတယ်လေ

😀

commentinfo By: ကိုဇင် at Nov 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment