Professional Authors

အိပ်မက်ဝင်္ကပါ

(၁)
ငါသိတဲ့လောကကြီးမှာ
ဖြစ်ချင်တာနဲ့ဖြစ်သင့်တာဟာ
သီးခြားကွဲပြားစွာရှိနေကြတယ်။
ငါမင်းကိုချစ်မိခဲ့ခြင်းမှာ
အဖြူသက်သက်နဲ့
ပေးဆပ်ချင်ခဲ့တာ
ဒါဟာငါ့အတွက်ဖြစ်ချင်ခဲ့တာ
ငါသိပ်မှားနေသလား
“မမီနိုင်တဲ့ပန်းတုံးခုလို့မလှမ်းပါနဲ့”တဲ့လားဟာ
နင့်စကားတွေငါ့ရင်ကိုထွင်းဖောက်
အဲဒီဒဏ်ရာချုပ်ရိုးပြေရင်တောင်
ငါနာကျင်နေရဦးမှာ
နင်ဟာအတော်ဆုံးနပမ်းသမားတစ်ယောက်လို
ရက်စက်တဲ့စကားလုံးတွေနဲ့
ငါ့နှလုံးသားကိုရိုက်နှက်ခဲ့ရုံမက………………….
ငါ့နှလုံးသားရဲ့လွတ်လပ်ခွင့်ကို
ထောင်သွင်းအကျဉ်းချပြီး
သေဒဏ်ပေးခဲ့ရုံမျှမက………
ငါ့ရင်ကိုခွဲနှလုံးသားကိုအစိမ်းလိုက်ထုတ်
ဆားနဲ့သိပ်ပြီး ခွေးကျွေးပစ်ခဲ့တယ်………
ငါ့မျှော်လင့်ချက်ဆိုတာတွေပါရိုက်ချိုး
ငါလက်နဲ့ရေးခဲ့ခြင်းကို
နင်ခြေနဲ့ဖျက်ခဲ့…….
သြော်…..ငါ့ကိုမချစ်သောငါ့ချစ်သူရယ်
ငါစိတ်မနာနိုင်သေးပါဘူး
ငါဝင်လေထွက်လေမရပ်တန့်ခင်အခိုက်အတန့်လေး
နင်ကြားသွားအောင်ပြောချင်ပါရဲ့
“ငါလူမိုက်ပါဟာ”

(၂)
နင်………………….
ငါ့ခန္ဓာမြေခပျက်စီးခြင်းကိုကြည့်ပြီး
အောင်နိုင်သူတစ်ယောက်လို
ဟားတိုက်ရယ်မောနေခဲ့ပါသလား။         ။
“နင်ပျော်ပါစေချစ်သူ”
ငါ့အတွက်သီးသန့်ရက်စက်တတ်သောချစ်သူ
နင်စာနာသနားမှုရှိမယ်ထင်ခဲ့ခြင်းဟာ
ငါ့အမှားတွေပါလို့သိရချိန်မှာတော့
ငါဟာသေဆုံးနေနှင့်ပြီး………………..
ငါ့ရဲ့ဘ၀ဟာအရမ်းဆန်းကြယ်တယ်
သိသူတိုင်းလဲ ယုံမှာမဟုတ်ဘူး
ကြားသူတိုင်းလဲ ယုံမှာမဟုတ်ဘူး
မဖြစ်နိုင်ဘူးလို့
သူတို့အခါခါငြင်းကြလိမ့်မယ်……………….

ငါသတိပြန်ဝင်ချိန်မှာ
(ဘ၀တစ်ဖန်ပြန်စချိန်……….)
ငါဖြစ်နေတာဟာ ရုပ်မရှိတဲ့နာမ်
သွားပြီ………….
ငါ့ကို    ဘယ်သူမှမမြင်နိုင်ဘူး
ငါ့အသံ ဘယ်သူမှမကြားနိုင်ဘူး……..
ငိုရှိုက်သံတွေ………….ငိုရှိုက်သံတွေ
ရုပ်မရှိသောနာမ်………ငါ့အတွက် ငါ့မျက်ရည်တွေ
ဘယ်သူ စာနာပေးမှာလဲ
ဘယ်သူနှစ်သိမ့်ပေးမှာလဲ
ငါချစ်ခဲ့တဲ့နင်………….
နင်မုန်းခဲ့သော ငါ့ကို လှည့်ကြည့်ပါဦး………
ကူညီပေးပါဦးလား…………

အလို………….
ငါချစ်ခဲ့သောနင့်ကိုမြင်နေရတယ်
နင်ပြုံးရယ်နေပါလား။
ငါရှိနေခဲ့တဲ့အချိန်တွေတုန်းက
အဲဒီ   နင့်အပြုံးတွေ
ဘာလို့များ  ငါ့အတွက်  ဈေးကြီးခဲ့ရသလဲ…….

လူ့ဘ၀ဆိုတာကို…..မီးရထားလို့ခိုင်းနှိုင်းကြရင်
ငါဟာလောင်စာကုန်နေတဲ့ မီးရထားတစ်စင်းပေါ့
ဘာမှသုံးစားလို့မရတဲ့ နာမ်ဘ၀မှာ နေပျော်
ငါနင့်အနားပဲ   အချိန်ကြာကြာနေနေခဲ့တယ်….
နင့်နာမည်ပဲအကြိမ်ကြိမ်ခေါ်နေမိတယ်
နင်မမြင်နိုင်ပါဘူး
နင်မကြားနိုင်ပါဘူး…….

အို..ရင်ခွဲမိုး
ငါ့ရင်မှ   ဒီမိုးတို့
ငါ့ဘ၀မှာ ရွာသွန်း
အဲဒီမိုး ဘယ်တော့မှမစဲတော့ဘူး
ငါလူ့ဘ၀တည်းက ငြိုးတဲ့ဒီမိုး
ငါနာမ်ဘ၀မှာ  စဲလို့ကောင်းနေတုန်း
ငါ့ရင်ကိုဖြိုသောမိုး
သံသရာထိတော့ မသည်းလိုက်ပါနဲ့
ငါ…….ရေကြောက်လို့ပါ…….

“နင့်ကိုမချစ်နိုင်ဘူး”ဆိုတဲ့
အရင်တုန်းက မင်းစကားသံပြန်ကြားယောင်
နင်မမြင်၊နိုင်တဲ့ နာမ်ဘ၀မှာတောင်
ငါ့လိပ်ပြာ ငါမလုံနိုင်ခဲ့ဘူး
ဒီစည်းကမ်းကို ချိုးဖောက်လို့
ငါအချိန်ရှိတိုင်း နင့်အနားမှာနေခဲ့မိတယ်
ငါသိပ်မြတ်နိုးရသော ငါ့ချစ်သူ
နင်မသိနိုင်ပေမဲ့ ဒါကိုတော့ခွင့်လွှတ်ပေးပါ။    ။

(၃)
ငွေရောင်ကြိုးမျှင်လေး
ငါနဲ့နီးသထက်နီး  ငါ့ဆွဲအားတွေမဲ့ကုန်တယ်
ငါဟာ နင်နဲ့ဝေးသထက်ဝေးလို့
ငွေရောင်ကြိုးမျှင်လေး ခေါ်ဆောင်ရာနောက်သို့……..

ငါ    မြင်နေရပြီ………
ဟိုမှာ……လဲလျောင်းနေတဲ့ငါပါလား………..
ငါ့ကိုဆွဲငင်နေတဲ့ ငွေကြိုးမျှင်လေး
ငါ့ခန္ဓာနဲ့နီးသထက်နီး
ငါဟာ  ငါ့ခန္ဓာထဲ အတင်းတိုးဝင်သွားတယ်……..

ငါယောင်ယမ်းလို့နိုးထ
ငါဟာ  ချွေးတွေရွှဲလို့………..

ထူးသူရဇွဲ
(၂၀.၉.၂၀၁၀)

               Zwe

In: ကဗျာ Posted By: Date: Sep 20, 2010
Comment #1

အတွေးကောင်းတယ်

commentinfo By: ဇ at Sep 20, 2010
Comment #2

ွှ့ကျေးဇူးတင်ပါတယ် ဆက်ပြီးတော့ ကြိုးစားပါဦးမယ်

commentinfo By: ထူးသူရဇွဲ at Aug 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment