Professional Authors

ဒါပေမယ့်

မရှင်းပြတက်ဘူး ဒါပေမယ့်……….နားလည်တယ်။ သက်သေမရှိဘူး ဒါပေမယ့်……….အမှန်တရားဖြစ်တယ်။ အကြောင်းပြချက်မရှိဘူး ဒါပေမယ့်……….မင်းကိုယုံကြည်စေချင်တဲ့ ဆန္ဒရှိတယ်။ အမှားတွေက တောင်တွေလိုပုံချင်ပုံနေမယ် ဒါပေမယ့်……….ငါ့လက်ထဲမှာ မင်းအတွက်သိမ်းထုပ်ထားတဲ့ တရားမျှတမှု အလုံအလောက်ရှိနေတယ်။ ငါယုံကြည်ရာကို လျှောက်လှမ်းမယ် ဒါပေမယ့်……….မင်းကိုငါ လုံးဝမထားခဲ့ဘူး။(မင်းလဲ မနေခဲ့နဲ့နော်) မင်းပျော်ရွှင်မှုအတွက် ငါ့ဘ၀ထဲက မင်းလိုချင်တာကို လိုအပ်သလောက် မင်းယူလိုက်ပါ။ အားလုံးကိုယူလိုက်ရင် သတိရခြင်းတွေ မကျန်ခဲ့မှာစိုးလို့လေ။ အဲဒီတစ်ခုတော့ ငါ့ကို ပိုင်ဆိုင်ခွင့်ပေးပါ။ နေရာဒေသတစ်ခုတည်းမှာ ငါတို့နှစ်ယောက် အတူမရှိပေမယ့် တစ်ခုတည်းသော မိုးကောင်းကင်ရဲ့ လောင်းရိပ်အောက်မှာ အတူတူရှိခွင့်ရတဲ့အတွက် ငါတစ်ခါတစ်လေ ကျေနပ်ပါတယ်။

In: ကဗျာ Posted By: Date: May 29, 2010
Comment #1

i like so much

commentinfo By: everhappy at Jul 17, 2011
Comment #2

100% right,,,
moe kaung kin ye out hmar tu tu shi nay de.
a nar hmar ma shi le bay nar hmar shi ta lo pe nay pay par de

commentinfo By: ei lay at Nov 13, 2011
Comment #3

နေရာဒေသတစ်ခုတည်းမှာ ငါတို့နှစ်ယောက် အတူမရှိပေမယ့် တစ်ခုတည်းသော မိုးကောင်းကင်ရဲ့ လောင်းရိပ်အောက်မှာ အတူတူရှိခွင့်ရတဲ့အတွက် ငါတစ်ခါတစ်လေ ကျေနပ်ပါတယ်။

ဒီစာပိုဒ်လေးကို အရမ်းကြိုက်တယ် ။ အားပေးနေပါတယ် ။ 😛

commentinfo By: မေဦး at Jun 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment