Professional Authors

လမ်းခွဲရအောင်

“လမ်းခွဲရအောင်. . .”
ဆိုတဲ့ စကားလေးကို ကျွန်မတို့ ချစ်သူနှစ်ဦး ချစ်သူသက်တမ်း ၁ နှစ်ခွဲမှာ ဘယ်နှကြိမ်မြောက်မှန်းမသိ မရေမတွက်
နိုင်အောင် ပြောဖြစ်ခဲ့ကြတယ် … သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးကြားမှာ ဒီလိုစကားမျိုးတွေ ရှိနေတာ ရီစရာတော့ အကောင်းသား … … …

ကျွန်မ သူနဲ့ ချစ်သူတွေဖြစ်ပြီး သိပ်မကြာခင်အချိန်မှာ “လမ်းခွဲရအောင်” ဆိုတဲ့ စကားကို သူ့ဆီက ပထမဆုံးကြားခဲ့ရတာပါပဲ … အဲဒီအချိန်ကလေ ကျွန်မ အရမ်းကြောက်ခဲ့ရတာ … သူနဲ့ ကျွန်မကြားမှာ ရှိတဲ့ ပြဿနာကိုသာ ကျွန်မ ဖြေရှင်းလိုက်မယ် သူနဲ့တော့ မဝေးချင်ဘူးလေ … ဒီလိုနဲ့ ပြဿနာကိုပဲ ရအောင်ရှင်းခဲ့ကြတာ … သူရဲ့ “ကိုကိုတို့လမ်းခွဲကြရအောင်” ဆိုတဲ့ စကားက ကျွန်မရင်ကို သိပ်ကို နာကျင်စေတာ သူမသိပါဘူး ။ သူနဲ့ ပြန်ပြီး အဆင်ပြေသွားတဲ့ အချိန်တိုင်း ကျွန်မ သူ့ကို တောင်းဆိုခဲ့ဖူးတယ် … “လမ်းခွဲရအောင်” ဆိုတဲ့ စကားကို မပြောဖို့ပေါ့ … အဲဒီတုန်းက သူပြောခဲ့ဖူးတယ် …“လမ်းခွဲရအောင်လို့ သူအရင် စပြောရတဲ့ ရည်ရွယ်ချက်က ကျွန်မ သူ့ကို အရင်ပြောပြီး ထားခဲ့မှာစိုးလို့”တဲ့လေ … … …

“လမ်းခွဲရအောင်… “လို့ ကျွန်မဘက်ကရော မပြောခဲ့ဖူးလား ဆိုတော့ ….
ပြောခဲ့ဖူးတာပေါ့ … “လမ်းခွဲရအောင် ကိုကို” လို့လေ … ဘာလို့ ပြောခဲ့မိလဲဆိုရင် … ကျွန်မ သိပ်ချစ်ရတဲ့ သူ့ကို ကျွန်မကြောင့်တော့ စိတ်မညစ်စေချင်ဘူး …. ကျွန်မ သူပျော်အောင် ဘာမှ မလုပ်ပေးနိုင်ဘူး ဆိုရင်တောင်မှ ကျွန်မကြောင့်တော့ သူ့ကို စိတ်မညစ်စေချင်ဘူး …. ဒါကြောင့် ပြောခဲ့ဖူးတာပေါ့ …. … …

သူနဲ့ကျွန်မကို ကံကြမ္မာကပဲ လှည့်စားနေတာလား မပြောတတ်ဘူး …. သူကလည်း ကျွန်မကို မျက်စိရှေ့က အပျောက်မခံနိုင်သလို ကျွန်မကလည်း သူမရှိလို့ မဖြစ်ဘူးလေ … ဒါပေမယ့် ကျွန်မတို့နှစ်ယောက်ရဲ့နေ့တွေ က အမြဲ ပြဿနာတွေနဲ့ပဲ ဖြတ်သန်းနေရတယ် …. တခါတလေ နားလည်မှုတွေ လွဲတယ် …. တခါတလေ အကြိုက်မတူတာတွေ ရှိတယ် …. တခါတလေ သဘောထားချင်း မတိုက်ဆိုင်တာတွေရှိတယ် … ဒီလိုနဲ့ … “ကိုကိုတို့ လမ်းခွဲရအောင် …. ” (သို့မဟုတ်) “ဒါဆို လမ်းခွဲကြတာပေါ့ ကိုကိုရယ် … ” ဆိုတဲ့ စကား …. ထပ်ခါထပ်ခါ ပြောနေကြတဲ့ ကျွန်မတို့ နှစ်ယောက်ကြားထဲက စကားလေးပေါ့ … ဒီလိုနဲ့ ပြောပြီးတိုင်းလည်း တယောက်နဲ့ တယောက် မတွေ့ဘဲ နေကြတယ် … ဒါပေမယ့် အကြာကြီးတော့ မခွဲနိုင်ကြပါဘူး ….

သူပြောနေကျ စကားရှိတယ် …” ပြဿနာတွေရှိတိုင်း သူအရမ်းပင်ပန်းပြီး ကျွန်မ အနားက ထွက်သွားပေမယ့် တကယ်တမ်းတော့ ကျွန်မ မရှိဘဲလည်း သူမနေနိုင်ဘူး” တဲ့လေ …. ကျွန်မလည်း အတူတူပါပဲ … သူနဲ့ ပြဿနာတွေ ဖြစ်ပြီးတိုင်း သူနဲ့လမ်းခွဲခဲ့ပေမယ့် ကျွန်မအနားမှာ သူမရှိဘူးဆိုတဲ့ အတွေးက ကျွန်မရဲ့ အနာဂါတ် ကို အဓိပ္ပါယ်မဲ့စေတာ အမှန်ပါပဲ …. .. ဒီလိုနဲ့ လမ်းခွဲရအောင်လို့ ခဏခဏပြောနေကြတဲ့ ကျွန်မတို့ချစ်သူနှစ်ဦး တယောက်နဲ့တယောက် ဝေးဝေးမသွားနိုင်ဘဲ အနားကို ပြန်ရောက်ရောက်လာတဲ့ အကြောင်းအရင်းတွေက အဲဒါတွေပဲ ထင်ပါတယ် …. …. …..

ဒီလောက်များနေတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းလဲဆိုရင်တော့ … “အချစ်” … “စစ်မှန်တဲ့ ချစ်ခြင်းတရား” … ကျွန်မကတော့ ကျွန်မတို့နှစ်ယောက် ထားရှိတဲ့ “ချစ်ခြင်းတရား”နဲ့ ဖြေရှင်းတယ်လို့ ယူဆမိတာပါပဲ … တခါတလေ သူ့ရဲ့လုပ်ရပ်တွေက ကျွန်မကို နာကျင်စေသလို ကျွန်မရဲ့ လုပ်ရပ်တွေကလည်း သူ့စိတ်ကို ထိခိုက်မိစေမှာပေါ့ … အဲဒီလို အဖြစ်အပျက်တွေကို နားလည်မှု မပေးနိုင်ပါဘူး … အမှန်ပါပဲ …. ကိုယ့်ကိုကိုယ်တောင် နားလည်ဖို့ ခက်ခဲတဲ့ လောကကြီးမှာ … သူတပါးကို အပြည့်အ၀ နားလည်ပေးဖို့ဆိုတာ … သိပ်ကို ခက်ခဲပါတယ် …. ဒီတော့ ကိုယ်တိုင်နားလည်လက်မခံပေးနိုင်တဲ့ အဖြစ်အပျက်တွေ ရှိတာပေါ့ … အဲဒီအဖြစ်အပျက်တွေဆို နားမလည်ပေးနိုင်ရင်တောင် သိပ်ချစ်ကြတဲ့ အချစ်တွေနဲ့ ခွင့်လွှတ်ပေးလိုက်ကြတယ် … …. …

လမ်းခွဲခြင်း မှတ်တိုင်

“လမ်းခွဲခြင်းမှတ်တိုင်” တဲ့
ဒီမှတ်တိုင်မှာ
ကျွန်မတို့နှစ်ယောက်
အကြိမ်ကြိမ် ခြေစုံရပ်ဖူးခဲ့ကြတယ်
လမ်းခွဲခြင်းမှတ်တိုင်ကနေ
မတူညီတဲ့ လမ်းခွဲတခုစီကို
ရွေးချယ်ခဲ့ကြတယ်
သူရွေးတဲ့လမ်း သူလျှောက်
ကျွန်မရွေးတဲ့လမ်း ကျွန်မလျှောက်
ဒါပေမယ့်လေ …
အဲဒီလမ်းခွဲ၂ခုက
တနေရာရာမှ ပြန်ဆုံနေကြလေ
ခုလည်း …
ကျွန်မတို့၂ယောက်
မတူညီတဲ့ လမ်းခွဲကို
လျှောက်နေကြပြန်ပြီ
ဒါပေမယ့်
ခုလျှောက်နေကြတဲ့ လမ်းခွဲက
ပြန်ဆုံမယ့် လမ်းခွဲလား ?
ပြိုင်မျဉ်းတွေရဲ့ လမ်းခွဲလား ?
ကျွန်မ မသိဘူး!!!!

ရှင်ထိပ်ထား

May21, 2010

2:04 am

In: စကားပြေ Posted By: Date: Oct 18, 2010
Comment #1

ငါတို့လမ်းခွဲတခုရောက်နေတယ်
နင်ကတော့ နင့်လမ်းနင်ရွေးလို့
အဖော်လည်းရှိခဲ့ပြီ…….
ငါကတော့…..
နင်လှည့်ပြန်လာမလား….အတွေးတချို့နဲ့
စုံရပ်နေမိတုန်းပဲ….

commentinfo By: အသဲကွဲမိုး at Jan 3, 2011
Comment #2

လျှောက်ပြီးရင် ဘာလမ်းလည်းဆိုတာလဲ ပြောဦးနော်။

commentinfo By: layykyoe at Jan 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment