Professional Authors

လမ်းခွဲ

သံယောဇဉ်
အမျှင်တန်း
မင်းနဲ့တို့
လျှောက်သောလမ်း
လှမ်းရင်းနဲ့မောချေပြီ
မင်းဘက်က အချစ်
တ ဆစ်ဆစ်နဲ့နာ
ငါ့ဘက် မေတ္တာ
လက်ဖျားခါမို့
ဘယ်လိုပင်ညား
ဝင်ကာတားလည်း
ရှေ့တိုးမရ
နောက်ဆုတ်မရမို့
မင်းလည်းမကြိုက်
ငါမခိုက်မို့
ရှေ့ဆက်ဖို့ရေး
တို့မတွေးပဲ
အရင်ကမှား
အခုမှာပြင်
နောင်မှတတဲ့
နောင်တ မမြင်ချင်ဘူး
လက်ကျန်ကိုဖြတ်
သံယောဇဉ်ကို
စက်သတ်ခဲ့ကြစို့
တို့နှစ်ယောက်ရဲ့
ချစ်ခရီးလမ်း
ဒီနေရာမှာတင်
သော့တန်းလန်းထား
မင်းလည်းမော
ငါလည်းမောမို့
တော်ပြီ
ဘယ်သူအလို
ဘယ်ဝါအလိုမှမဟုတ်
တို့နှစ်ယောက်အလို
တို့နှစ်ယောက်ဖြည့်ကြစို့
မင်းနဲ့ငါ ဒီနေရာတင်ပြီြး့ပီ………………………..။

In: ကဗျာ Posted By: Date: Nov 22, 2012
Comment #1

@__@

commentinfo By: ei lay at Nov 22, 2012
Comment #2

စိတ်မကောင်းပါဘူး

commentinfo By: မေပျို at Nov 23, 2012
Comment #3

ဘယ်သူအလို
ဘယ်ဝါအလိုမှမဟုတ်
တို့နှစ်ယောက်အလို
တို့နှစ်ယောက်ဖြည့်ကြစို့
မင်းနဲ့ငါ ဒီနေရာတင်ပြီြး့ပီ…

ငြိမ်းအေးစွာလမ်းခွဲနိုင်တဲ့သတ္တိမျိုး….တကယ်လိုချင်ပါ၏

commentinfo By: mayviolet at Nov 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment