Professional Authors

နှလုံးသားရဲ့ အချစ်ဦး ပုံပြင် …

ကောင်မလေးရယ် …
ဟိုးအရင်က လမ်းခွဲခြင်း
ခပ်ဆွေးဆွေး အတိတ်သမိုင်းလည်း
ကျန်ရစ်ခဲ့ပြီမို့ …
အသစ်တဖန် ဆုံတွေ့ခဲ့ပေမယ့် …
တည်ငြိမ်နေဆဲ ရင်ခုန်သံရဲ့
ဒဏ်ရာဟောင်းတွေ မနှိုးထစေချင်ဘူး …

နှလုံးသားက ပျံ့လွင့်လာတဲ့
အချစ်သံစဉ် ခပ်တိုးတိုး
ဒီ … ရင်ဘတ်က ကြားပေမယ့်
ငါ … ဆိုတဲ့ကောင်ရဲ့ သမိုင်းအကြောင်း
ပြင်မရအောင် ဆိုးခဲ့ လေတော့
နူးညံ့တဲ့ ချစ်ခြင်း အဝေး
တမင် ရည်ရွယ်ပြီး ထွက်ပြေးနေမိခဲ့တာ …

တကယ်တော့ …
ဟိုးအရင်က …
ပေးဆပ်ပြီး ချစ်ခဲ့တဲ့
ချစ်ဦးသူကို မမုန်းခဲ့သလို
တိတ်တဆိတ် ချစ်နေခဲ့တာကိုလည်း
ထာဝရ နှုတ်ပိတ်နေမယ့် သူတစ်ယောက်ရဲ့
အချစ်ဦးပုံပြင်ကို မသိစေချင်ခဲ့တာပါ ….. ။

ဇီးရိုး .. ( [email protected] )

In: ကဗျာ Posted By: Date: Feb 8, 2012
Comment #1

poor u,,,

commentinfo By: ei lay at Feb 8, 2012
Comment #2

အားပေးသွားပါတယ်.

commentinfo By: May Kha at Feb 9, 2012
Comment #3

ကဗျာကောင်းလေးဗျ ။

commentinfo By: X - ray at Feb 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment