Professional Authors
ငိုနေဆဲ နှစ်ပက်လည်မွေးနေ့ တစ်ခု၏ပြယုဒ်
မမရေ……………
တစ်သက်စာရူးအောင်
ဒဏ်ရာဖြစ်ခဲ့ သူလို့ မပြောရက်ပေမဲ့ 
ရင်ဘတ်ကခုထိဟောင်းလောင်းပေါက်နဲ့ 
ကွက်လပ်တွေပြည့် လို့ ပါပဲ
ဒီနေ့ လေမမမှတ်မိမှာပါ
(1.7.)ကျနော့ ပိုင်တာပေါ့ လို့ မမပြောတုန်းက
အဲ့ ဒီအတ္တကိုတစ်ကယ်မှတ်နေခဲ့ တာ
တစ်ကယ်ကကျနော်မုန်းတဲ့ နေ့ တစ်ခုဖြစ်ခဲ့ တာ
မမ…..မရှိတော့ မှသိရတယ်ဗျာ
မမရဲ့ မျက်ဝန်းလှလှတွေအောက်မှာကျနော်
ကျဆုံးချင်သေးတယ်………….
မောင်ရယ်
ဘ၀ဆိုတာတစ်ခါတစ်ရံသိပ်စိတ်ပျက်ဖို့ ကောင်းတာပဲတဲ့ 
ကျနော်အတွက်တော့ မမရယ်
တစ်ခါတစ်ရံထက်ဆိုးတယ်
မမ..မရှိတော့ တဲ့ နောက်ကျနော့ မျက်ရည်တွေနဲ့ ကျနော်
လုံးထွေးသက်ပုတ်ရင်း
ခုဆိုဆယ်စုနှစ်သုံးခုဖြက်လို့ 
ကျနော်တောင်လူလက်ပိုင်းထဲရောက်နေပြီ
မမသာရှိရင်ကျနော့ ဆံပင်တွေကိုပွတ်သပ်ပြီး
နှစ်သိမ့် ပေးမှာသေချာတယ်………….
လွမ်းတယ်မမရယ်
ဒါဟာကဗျာဖြစ်ချင်မှဖြစ်မယ်နော်
မမကိုသတိရလို့ ကဗျည်းတင်လို့ ရတဲ့ နေရာတိုင်းမှာ
ကျနော်အမှတ်အသားလုပ်မိတာပါပဲ
ကျနော့ ခန္ဒာရဲ့ တစ်ချို့ နေရာတွေမှာတောင်
စာနဲ့ ပေနဲ့ ဖြစ်ကုန်ပြီ
မမ…………………………..
ကျနော်ငိုနေမိတယ်
ဒီနေ့ ကကျနော့ ရဲ့ မွေးနေ့ တဲ့ 
ကျနော်မသိချင်ဘူးဗျာ
ဒီနေ့ ကမမရဲ့ ဆယ်နှစ်ပြည့် နှစ်ပက်လည်နေ့ လေ
ကျနော့ ရင်ဘတ်မှာ
မျက်ရည်တွေနဲ့ ပြည့် နှက်ဆဲ
အရာရာတိုင်းကိုကျနော်စိတ်တိုင်းမကျတက်အောင်ဒီနေ့ 
ကိုမုန်းတယ်ဗျာ
မောင်……………မမရင်ခွင်ထဲမှာအမြဲအေးချမ်းစေရမယ်တဲ့ 
ကျနော့ အလွမ်းတွေအတွက်မမရယ်
တစ်ကယ်ဆို…………………………..
တစ်ယောက်ထဲမထားခဲ့ သင့် ပါဘူး
ကျနော်ရှေ့ မှာ
စကားပုံတစ်ခုကျွမ်းထိုးမှောင့် ခုံဖြစ်အောင်ကို
မှားယွင်းခဲ့ ပြီလေ
သေသောသူကြာရင်မမေ့ နိုသေးသူပါ
ကျနော်လွမ်တယ်ဗျာ
ကျနော်ကိုယ်ရေးကိုယ်တာတွေကို
စပ်စုပေးပါအုံးလေ
မမပြောတဲ့ ဒီသိုးမည်းကောင်ကခုထိလဲသိုးမည်တစ်ကောင်ပါပဲ
ချစ်တယ်မမရယ်
မောင်လို့ ဘယ်သူကိုမှခေါ်ခွင့် မပေးနိုင်ဘူးဆို
ကျနော့ ကို………..မောင်လို့ ခေါ်ပါဦးလေ
တမ်းတတယ်ဆိုတာ
တစ်ကယ်ကစာလုံးတွေထက်မှာသာရေးလို့ ကောင်းတာ
ခံစားမှု့ ပိုင်းကလုံးဝနှစ်မြို့ စရာမရှိအောင်ခံရခတ်တယ်ဗျာ
ကျနော့ ကိုမောင်လို့ ဘယ်သူမှမခေါ်စေရပါဘူးမမ
ချစ်တယ်ဗျာ
မမကိုချစ်တယ်…………….
စာဆိုတော်တွေ
ကဗျာဆရာတွေ
သီချင်းရေးဆရာတွေကို
မမဆိုတဲ့ စာသားလေးတောင်ပေးမသွုးချင်ဘူးလို့ 
ပြောတုန်းက
မောင်သိပ်စကားတက်တာပဲတဲ့ 
အဲ့ ဒီနေ့ ကျနောမှတ်မိတာက
မမအနမ်းတွေနဲ့ ကျနော်လောကကိုမေ့ ခဲ့ တဲ့ နေ့ လေ
မမေ့ ဘူးမမရယ်
ဒီနေ့ ကျနော်ဘုရားသွားခဲ့ တယ်
မမကောင်းရာသုဂတိလားပါစေလို့ 
အစဉ်အလာအောက်မှာဆုတောင်းခဲ့ ပေမဲ့ 
ကျနော့ နားမှာရှိနေပေးပါလို့ အတ္တလေးရောခဲ့ မိတယ်ဗျာ
ကျနော်စိတ်မကောင်းဘူးမမရယ်
မနက်ဖြန်တွေမနက်ဖြန်တွေတိုင်းမမရှိနေစေချင်တယ်
ဒါကကျနော့ ရဲ့ ဆန္ဒ
တစ်ကယ်ကမမမရှိတော့ ဘူးလို့ ကျနော သိနေပါတယ်
ဒါပေမဲ့ မမရှိနေပါတယ်
ကျနော့ ရင်ဘတ်ရဲ့ ဟိုး………..အနက်ရှိုင်းဆုံးတစ်နေရာမှာမမ
ရှိနေတယ်………ခုထိ
မမရေ
ကျနောသတိတရလွမ်းနေတယ်
မမရဲ့ ထွက်ခွါသွားတဲ့ ဒီနေ့ ဟာ
ကျနော့ ရဲ့ နှစ်သုံးဆယ်မြောက်မွေးနေ့ တဲ့ 
ကျနော်မယုံချင်ပေမဲ့ 
လက်ခံနေရတာပါပဲ
ချစ်နေဆဲပဲ..မမရယ်
မမတစ်ယောက်ထဲဘာဖြစ်နေလဲမသိနိုင်တော့ ပေမဲ့ 
ကျနော်တစ်ယောက်ထဲတော့ ခုထိလွမ်းနေရဆဲပဲ
ကျနော်ဆိုးချင်တိုင်းဆိုးခွင့် ရတဲ့ ရင်ခွင်တစ်ခုဖန်ဆင်းထားတယ်ဆို
ခုတော့ ရင်ခွင်ပျောက်သူကကျနော်ရယ်လေ
ချစ်တယ်ဆိုတဲ့ ခံစားချက်ထက်ကျနော်လွမ်းတယ်ဗျာ
မမကိုသိပ်လွမ်းတယ်
In: ကဗျာ Posted By: Date: Jul 1, 2010
Comment #1
တကယ်အဖြစ်အပျက်ဆိုရင်တော့ တကယ်စိတ်မကောင်းစရာပါပဲ
အသက်ငယ်ငယ်လေးရှိသေးတာပဲ
ဘ၀မှာ ပျော်ရွှင်စရာတွေအများကြီးထက်တွေ့အုံးမှာပါ
ထပ်လဲတွေ့ပါစေ
ကဗျာလိုလို စာလိုလိုပေမယ့် တကယ်ခံစားရပါတယ်
commentinfo By: angel at Jul 1, 2010
Comment #2
စိတ်မကောင်းပါဘူး…ကုန်ဆုံးသွားတဲ့အချိန်တွေကို ၀မ်းနည်းကြေကွဲနေလို့ ဘ၀ဟာ အသစ်ပြန်မဖြစ်နိုင်ပါဘူး…
တကယ်ချစ်တတ်သူရဲ့ ရင်ခွင်ဟာလည်း နွေးထွေးတတ်ကြစမြဲမို့ နွေးထွေးတဲ့ရင်ခွင်သစ်တခုမှာ ဘ၀အသစ်ကို ပြန်တည်ဆောက်နိုင်ပါစေလို့ ….
commentinfo By: peti at Jul 3, 2010
Leave Comments
Name*
Email*
Website
Email me whenever there is new comment