Professional Authors

သို့ ….

အချိန်တန်လို့အိမ်ပြန်ရမယ်
အတူတူကျောခိုင်းကြတဲ့ ဆည်းဆာ
အရင်တုန်းကလို ကဗျာလည်းမဆန်တော့ဘူးကွယ်
လေပြေတွေမတိုက်တော့သလို
ရေပြင်လေးလည်း လှိုင်းလေးတွေမခတ်
သောင်စပ်လေးလည်းခြောက်သွေ့လျှက်ပေါ့…..

သြော်…….

အတိတ်တွေက ပြီးခဲ့သည်ဆိုပေမယ့်
စိတ်စေတသိတ်မှာ
အရိပ်ကလေးလိုပါပဲလား…..
အိပ်နေသေးရင်တောင်
လ ရိပ်လေးနဲ့ ရောယောင်ပြီး
တမ်းတမိသေးတယ်……
လွမ်းတယ်လို့တော့ပြောခွင့်ပြုပါ…….

+နောင်ရိုးစစ်+

In: ကဗျာ Posted By: Date: Mar 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment