Professional Authors

ချိန်ဆည်းဆာ (လေးဆစ်)

ပျံ့ပျံ့ပျူးငယ်တည့် လေညင်းချီ။
ဆည်းဆာမှာ ကျီးအာစဲတယ် မဲလို့မှုန်ရီ။
တောင်ကလပ်ဆီက အရောင်လျှပ်ကာပ
မှောင်တပ်ကိုတော့ ခွင်းရန်အတည်
မင်းစန္ဒီ ဝင်စပျိုး။ ။

သာတဲ့ခါ၊ ညာနွဲ့ ခင်သဟာနှင့်
တရပ်ကွာ တရွာခြားဆီမို့
လွမ်းစာကို စန်းမှာပါးရတယ်
ထားကြော့မေသတိုးရဲ့
ဒီမောင့်မှာဗျာ
အားပျော့လို့ ခွေကာညှိုး။ ။

(ဒဂုန်မဂ္ဂဇင်း၊ ဩဂုတ်၊ ၁၉၂၈)
(စာပါ သတ်ပုံ အတိုင်း)

In: ကဗျာ,မင်းသုဝဏ် Posted By: Date: Mar 19, 2011
Comment #1

သာတဲ့ခါ၊ ညာနွဲ့ ခင်သဟာနှင့်
တရပ်ကွာ တရွာခြားဆီမို့
လွမ်းစာကို စန်းမှာပါးရတယ်
ထားကြော့မေသတိုးရဲ့
ဒီမောင့်မှာဗျာ
အားပျော့လို့ ခွေကာညှိုး။ ။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment