Professional Authors

ဖယောင်းတိုင်

ဖယောင်းတိုင်

 

ကျွန်တော့်မှာ ကိုယ်ပိုင်အလင်းရှိတယ်

ဒါပေမဲ့ သူမလေးအချစ်နဲ့ ထွန်းညှိမှ

ကျွန်တာ် လင်းနိုင်တယ်

ယိမ်းကနေတဲ့ မီးတောက်လှလှလေးဟာ

သူမကမ္ဘာကို အမှောင်ကနေ ခွာစေတယ်

ကျွန်တော့်အသက်ရှုသံတွေက

ဖယောင်းသား ဖြူလွလွလေးတွေပေါ့

ဘဝဆုံးသွားတဲ့အထိ ထွန်းညှိလင်းပပေးမယ်

ကောင်မလေးရယ်

မင်း အမှောင်တွေနဲ့ ကင်းမယ်

တန်ဖိုးနည်းသော အလင်းရောင်လေး

ဒါပေမဲ့ အမှောင်နဲ့ ဝေးစေနိုင်ပါတယ်

မင်းရဲ့ဘဝ လင်းတောက်လှပနေချိန်

ငါ့အလင်းဆိုတာ မှိန်ပျဖျော့ဝါးနေမယ်

သတိရလိုက်ပါ ကောင်မလေးရယ်

အမှောင်နဲ့ဝေးနေရင် ငါ ပျော်ပေးတယ်

ယုံကြည်ထားလိုက်စမ်း ကောင်မလေး

ငါဆိုတဲ့ ကောင်က

မင်းကမ္ဘာလေး လင်းပစေရေး

စကြဝဠာဖယောင်းတိုင်လေး ဖြစ်တယ်။

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Mar 24, 2012
Comment #1

အားပေးသွားပါတယ်…………

commentinfo By: May Kha at Mar 24, 2012
Comment #2

wow,,,,,,,,,,,
i like this honourable lovely candle so much.

commentinfo By: ei lay at Mar 24, 2012
Comment #3

ထူးထူးခြားခြားနဲ့ မှတ်မှတ်ရရပါပဲ။ ကျွန်တော် ကဗျာရေးခဲ့တဲ့ သက်တမ်းတလျှောက် ခေါင်းစဉ်ပေးပြီးမှ ရေးတဲ့ ကဗျာလည်းဖြစ်သလို တထိုင်တည်း အပြီးရေးလိုက်တဲ့ ကဗျာလည်းဖြစ်တယ်။ ကဗျာရေးချိန် ၂ မိနစ်ပဲ ကြာပါတယ်။ မြန်လိုက်တာလို့ မထင်ပါနဲ့။ ခံစားချက်က အားကောင်းသွားလို့ စကားလုံးပြောင်းတာ မြန်ဆန်သွားတာဖြစ်မယ်။ ကဗျာက မကောင်းရင်တောင် ရင်ထဲကိုတော့ မြင်ပေးတတ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အားပေးသွားတဲ့ မေခနဲ့ အိလေးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

commentinfo By: chiron at Mar 24, 2012
Comment #4

ကျွန်တော် အားပေးသွားပါတယ်ခင်ဗျ
ကဗျာလေးကောင်းတယ်ဗျ

commentinfo By: athaekwelmoe at Mar 24, 2012
Comment #5

ဟုတ်ကဲ့ ကျွန်တော့်ရဲ့ အမှတ်တရကဗျာကို လာရောက် အားပေးသွားတဲ့အတွက် အသဲကွဲမိုးအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ………………

commentinfo By: ChIr0N at Mar 24, 2012
Comment #6

ကောင်းတယ်ဗျာ

commentinfo By: ကံ့ကော်မောင် at Mar 25, 2012
Comment #7

အားပေးခဲ့တယ်နော်—————

commentinfo By: htike thu ya at Apr 5, 2012
Comment #8

yyyy

commentinfo By:ိD moe z at Apr 6, 2012
Comment #9

kyike lun loh nout htet 5 khar phat p a lut kyat twar par de shin.

commentinfo By: ei lay at Apr 7, 2012
Comment #10

အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ……. ei lay မှ အလွတ်ကျက်သွားတယ်လို့ သိရတဲ့အတွက် အထူးပင် ဂုဏ်ယူမိပါကြောင်း ခင်ဗျာ

commentinfo By: ChIr0N at Apr 7, 2012
Comment #11

အွန်းးးသူမလေးရဲ့အချစ်နဲ့ ထွန်းလင်းပါစေ….

commentinfo By:ံ့မြူ ခိုး တိမ် at Aug 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment