Professional Authors

နှလုံးသားဈာပန

လွမ်းတယ်လို့ပြောရလောက်အောင်လဲ
ငါနင့်ကိုလွမ်းတာထက်ပိုလို့ တမ်းတတတ်နေပြီ
ဖူးယောင်နေတဲ့ငါ့နှလုံးသားတစ်စုံက
ယိုစီးထွက်လာတဲ့အသံတွေနားထောင်ကြည့်
ကာရန်မညီပေမယ့် နူးညံ့စွာစီးဆင်းနေတာ
နင်မလိုချင်တဲ့ ငါ့အချစ်တွေလေ
အိပ်မက်ထဲမှာတောင်တွေ့ခွင့်မရှိတဲ့ငါ
အလွမ်းပြေကြည့်လွန်းလို့
နင့်ဓါတ်ပုံတွေတောင်ငါ့ကို အမြင်ကတ်နေပြီ
အချိန်တိုင်းမဟုတ်ပေမယ့် ရင်ခုန်တိုင်းသတိရမိပြီ
နှစ်ထပ်တိုးနဲ့တိုးလာတဲ့ အချစ်တွေကို
နင့်အမုန်းတွေကတားလို့နိုင်ပါ့မလား
မျှော်လင့်ခြင်းကြိုးစလေးတွေကို
ပုန်းရှောင်ခြင်းဓါးသွားနဲ့ဖြတ်ပစ်ဖို့မကြံလိုက်ပါနဲ့ဟာ
နင့်ခြေလှမ်းတိုင်းကို ငါဆိုတဲ့လူတစ်ယောက်
ရူးသွပ်စွာလိုက်ကောက်နေဦးမှာပဲ
မျှော်လင့်ချက်မဲ့စွာနဲ့ အသက်ငွေ့ငွေ့ပဲကျန်တဲ့
ငါ့နှလုံးသားကို…..
နင်အပြီးတိုင်ချေမှုန်းတော့မလို့လား
ရက်စက်လိုက်တာဟာလို့ ညဉ်းတွားမိပေမယ့်
ဒဏ်ရာတွေကိုကျေကျေနပ်နပ်နဲ့လက်သင့်ခံနေဦးမှာပါ
မဖြစ်နိုင်ဘူးဆိုတဲ့ reason တစ်ခုနဲ့
ငါ့ကိုအထပ်ထပ်သေမိန့်မပေးပါနဲ့တော့
ဒီကမ္ဘာပေါ်မှာနင်မရှိတော့တဲ့ တနေ့ကျရင်
ငါ့နှလုံးသားရဲ့ဈာပနကို ငါကိုယ်တိုင်ကျင်းပလိုက်မှာပါ…..။          ။

In: ကဗျာ Posted By: Date: Sep 14, 2010
Comment #1

ရေးထားတာလေး ကောင်းပါတယ်။
တကယ်လဲ ခံစားကြည့်လို့ ရတယ်။
ကျနော် ခံစားကြည့် ရတဲ့ ခံစားချက်လေးက……

ဒီကမ္ဘာပေါ်မှာနင်မရှိတော့တဲ့ တနေ့ကျရင်
ငါ့နှလုံးသားရဲ့ဈာပနကို ငါကိုယ်တိုင်ကျင်းပလိုက်မှာပါ…..။

အဲဒါကျတော့ တမျိုးဘဲ

commentinfo By: kyansitthar101 at Sep 14, 2010
Comment #2

ဒီကမ္ဘာပေါ်မှာနင်မရှိတော့တဲ့ တနေ့ကျရင်
ငါ့နှလုံးသားရဲ့ဈာပနကို ငါကိုယ်တိုင်ကျင်းပလိုက်မှာပါ…..။

kyite tal ae nar lay ko

commentinfo By: aye thaw thaw at Sep 15, 2010
Comment #3

@kyansitthar101 အဲဒီနားလေးက
ကျွန်တော်ဆိုလိုချင်တာကတော့ ဒီလိုအကိုရ
သူ့တစ်ယောက်ကလွဲပြီး နောက်ထပ်မချစ်တော့ဘူးပေါ့
ဒီကမ္ဘာကြီးပေါ်မှာသူရှိနေသ၍ ကျွန်တော်သူ့ကိုပဲချစ်နေမယ်
သူမရှိတော့တဲ့တနေ့ကျရင်တော့ ကျွန်တော့်နှလုံးသားကလဲ
နောက်တစ်ယောက်ကိုမချစ်တော့ဘဲ မြေမြှုပ်သင်္ဂြိုလ်လိုက်တော့မယ်လို့
ဆိုလိုချင်တာပါ………….

commentinfo By: ဒဿ at Sep 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment