Professional Authors

နှလုံးသားဈာပန

ကိုယ့်စိတ်ဓါတ်တွေ ကိုယ်သိလို့
အင်္ကျီအဖြူရောင် မဝတ်တာတောင်ကြာပြီ
ကျွန်တော့် ရဲ့ ကော်ဖီခွက်ထဲမှာ..
ကိန်းသေတွေနဲ့ ရောနေတယ်..

အဝိဇ္ဇာ လား..
တဏှာ လား..
ကမ္ဘာဆွဲငင် အားလား..
အရာ ရာ ဟာ ကျွမ်းထိုးမှောက်ခုံဖြစ်လို့…

အမေ့ ၀မ်းဗိုက်က ကျွတ် ကထဲက…
ရိုး ရိုးလေး လူဖြစ်လာတဲ့ကောင်…
အဖိုးကတော့ ပြောဖူးတယ်…
ငါ့မြေး က ဗြမ္မာ့ ပြည်ကလာတာတဲ့…

မဟုတ်ရပါဘူး အဖိုးရယ်….
အလျား လိုက်ချထားတဲ့ ကျွန်တော့် နှလုံးသားတောင်..
ခုချိန်ထိ ရေပူ ရေးအေး မမျှတသေးဘူး….

ညနေခင်း လမ်းဖြတ်ကူးဖို့…
ကျွန်တော့် နှလုံးသားကို
ခုထိ ရဲဆေး တင်နေရတုန်း…

ဖုန်ထူထူ နဲ့လောကကြီးထဲမှာ..
ဒီကောင့် နှလုံးသား က ကမ်းမမြင် လမ်းမမြင်…
ကြာတော့……
ဖုန်ထူတာလား…နှင်း ကြတာလားတောင် မသဲကွဲတော့ဘူး..

ကျွန်တော့် နှလုံးသား ရဲ့…
ှဈာပန က…ခွေးတစ်ကောင် ကြောင်တစ်မြှီးတောင် မစည်ကားခဲ့ပါဘူး..
ဟားတိုက် ရယ်မော လိုက်စမ်းပါ..

ဒါပေမယ့်
မနက်ဖြန်မှာတော့…
နှလုံးသား သတင်းစာရဲ့ နောက်ကြောကို ကြည့်ကြည့်
ငါ့ နာမည်ကို အထင်းသား မြင်နေရလိမ့်မယ်

ထပ်တူထပ်မျှ
ဝမ်းနည်း ကြေကွဲကြောင်း ကြော်ငြာမလို
ငါ့နှလုံသား ရဲ့ တမလွန်ခရီးမှာ..
ရဲဆေး တစ်ခွက် ရှိရင်
ပြည့်စုံတယ်

မောင် အတီး

In: ကဗျာ Posted By: Date: May 23, 2013
Comment #1

နှလုံးသားဈာပန
အဲဒီ့အခမ်းအနားအတွက် ငြိမ်ငြိမ်လေးဖတ်သွားပါတယ်
မိုက်တယ် အရေးအသားက

commentinfo By: မေပျို at May 23, 2013
Comment #2

ကျွန်တော့် နှလုံးသား ရဲ့…
ှဈာပန က…ခွေးတစ်ကောင် ကြောင်တစ်မြှီးတောင် မစည်ကားခဲ့ပါဘူး..
ဟားတိုက် ရယ်မော လိုက်စမ်းပါ..

ဒါပေမယ့်
မနက်ဖြန်မှာတော့…
နှလုံးသား သတင်းစာရဲ့ နောက်ကြောကို ကြည့်ကြည့်
ငါ့ နာမည်ကို အထင်းသား မြင်နေရလိမ့်မယ်

ထပ်တူထပ်မျှ
ဝမ်းနည်း ကြေကွဲကြောင်း ကြော်ငြာမလို
ငါ့နှလုံသား ရဲ့ တမလွန်ခရီးမှာ..
ရဲဆေး တစ်ခွက် ရှိရင်
ပြည့်စုံတယ်

commentinfo By: nate thit at May 23, 2013
Comment #3

ခံစားအားပေးသွားပါသည်

commentinfo By: ei lay at May 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment