လွယ်အိတ်ကလေးနဲ့ ကျွန်တော်
ကျွန်တော် အရွှယ်ရောက်တော့ 
လွယ်အိတ်လေး တစ်လုံး အမေဆီက
လက်ဆောင်ရခဲ့တယ်..
လွယ်အိတ်လေးအထဲမှာ
အမေရဲ့ ..မျှော်လင့်ခြင်းတွေ
အမေရဲ့ ..ယုံကြည်မှုတွေ
အမေရဲ့ …မေတ္တာတွေ
ကျွန်တော် ဒုက္ခရောက်ချိန် မှာ အားပေးမယ့် 
အမေရဲ့ အပြုံးတစ်ချို့ ပေါ့
ဒီလိုနဲ့ 
အမေရဲ့ လွယ်အိတ်လေးနဲ့  လောက မာရသွန်ကို
စတင်လျှောက်လမ်းခဲ့တယ်..
တစ်နှစ်..ပြီး ..တစ်နှစ်
ကြာလာတာနဲ့ အမျှ
လွယ်အိတ်လေးထဲမှာ
ကျွန်တော်ရဲ့ အပျော်အပါးတွေ
သာယာမှုတွေ
လိုချင်တပ်မက်မှုတွေနဲ့ ..ကျရှုံးမှုတွေ
ဝင်ရောက်လာခဲ့တယ်…
တစ်ခါတစ်ရံ အမေရဲ့ မျှော်လင့်ခြင်းနဲ့ ယုံကြည်မှုတွေ
လွယ်အိတ်လေးရဲ့ အပြင်ကိုရောက် ရောက်သွားတယ်..
ဒါပေမဲ့ အမေရဲ့ မေတ္တာနဲ့ အပြုံးတွေက ပြန်လည် လက်တွဲ ခေါ်ယူခဲ့တယ်..
လွယ်အိတ်လေးထဲက အမေရဲ့ မျှော်လင့်ခြင်းနဲ့ ယုံကြည်မှုတွေက
ဝင်လိုက်ထွက်လိုက်နဲ့ ပေါ့..
သက်တမ်းကြာလာတာနဲ့ 
လွယ်အိတ်လေးလည်း နွမ်းလျလို့ လာတယ်
ပတ်ဝန်းကျင်ကလည်း
ဝေဖန်သံ..ရှံချသံ..
အထင်သေးတဲ့ အကြည့်တွေ နဲ့ 
တခါတခါဆို လွယ်အိတ်ထဲက
အမေအပြုံးတွေတောင်မျက်ရည်ဝဲလို့ 
ကျွန်တော်လည်း တခါတရံ လွယ်အိတ်လေးနဲ့ 
ဝေးရာကိုထွက်ပြေးချင်မိလာတယ်.
ဒါပေမဲ့ လွယ်အိတ်လေးကိုစွန့် ခွါလိုက်ရင်
လွယ်အိတ်ထဲက အမေအပြုံးတွေနဲ့ မေတ္တာတွေ
ပျောက်ဆုံးသွားမှာ ဝေးကွာသွားမှာ
ကြောက်ရွှံမိတယ်
နောက်ဆုံး..လောကလမ်းပေါ်..တစ်ယောက်ထဲ
လွယ်အိတ်လေးလွယ်လို့  ။ ။(လုလင်ငယ်သွေး)
Comment #2
nice.
By: ei lay at Aug 3, 2011
Comment #3
လုလင်ငယ်သွေး ကဗျာက အနှစ်တွေဘဲဗျာ ။ ကျွန်တော်တောင် ကဗျာဖတ်ရင်း အမေ့ကို သတိရမိတယ် ။
By: X - ray at Aug 3, 2011
Comment #4
ဟုတ်တယ်ဗျ..ကဗျာကတကယ်ကောင်းတယ်။
By: poem.poem28 at Aug 3, 2011
Comment #7
အမေဆိုတာ အကောင်းဆုံးပါပဲ။
By: jenny at Aug 3, 2011
Comment #10
လုလင်ေ၇ ကိုတော.မင်းကဗျာလေးဖတ်ပြိးအမေ.ကိုသတိ၇လိုက်တာကွာ
သည်လကုန်၇င်တော၇ွာ ph joy ပြိကွာ
By: winkoko at Aug 21, 2011




Comment #1
nice poem i miss when i was young …