Professional Authors

မိုးများရပ်ဝန်း (သက်ထွေး)

ပင့်ဆောင်တဲ့လေကို
မျှော်ကိုးပြီး
ငါမီးစာတစ်ခု ထိုးဖူးတယ် …

တစ်ကယ်တော့
တိမ်ခေါ်ရာ နောက်ကို
လိုက်ရတဲ့
ကြိုးမဲ့စွန်အတွက်
အားကိုးစရာဆိုလို့
လေပဲရှိတယ် …

သိပ်သည်းခြင်းနဲ့
သိပ်သည်းဆတို့ကြား
ငါအစိုင်အခဲတစ်ခု မဖြစ်ချင်ဘူး …

မပြည့်စုံနိုင်တော့တဲ့
စွယ်တော်ရွက်အပဲ့
ငါ့လက်ထဲမှာ
နွမ်းခြောက် …
ငါပိုင်ဆိုင်နိုင်တာ
ဘာရှိလဲ ….

ချစ်ခြင်းတွေဟာယိုင်လဲ
သံယောဇဉ် ကမ်းပါးပြို
မေတ္တာပင်တွေ ရေစီးနဲ့မျော
ရက်စက်ခြင်း မုန်တိုင်းတွေ
တဟုန်ထိုး တိုက်ခတ်နေချိန်ပေါ့ ..
ဒီလိုနဲ့
ငါ့ဘဝ
လှေငယ်လေးလည်း
တိမ်းမှောက်ခဲ့ရပြီ …

တကယ်တော့
ဟိုးတုန်းထဲက
သံယောဇဉ် ဝင်ရိုးတန်းရဲ့
နှစ်ဆယ့်ငါးဒီဂရီ
အစွန်းနှစ်ဖက်မှာ
စိမ်းလဲ့သော
မင်း မျက်ဝန်းညိုတွေ
သွန်းဖြိုးခဲ့တာကိုး ….

သက်ထွေး
ဖေဖေါ်ဝါရီ ၁၇ ၂ဝဝ၇

In: ကဗျာ Posted By: Date: Jun 14, 2010
Comment #1

တစ်ကယ်တော့
တိမ်ခေါ်ရာ နောက်ကို
လိုက်ရတဲ့
ကြိုးမဲ့စွန်အတွက်
အားကိုးစရာဆိုလို့
လေပဲရှိတယ် …

သိပ်သည်းခြင်းနဲ့
သိပ်သည်းဆတို့ကြား
ငါအစိုင်အခဲတစ်ခု မဖြစ်ချင်ဘူး …

တစ်ကယ်တော့
ဟိုးတုန်းထဲက
သံယောစဉ် ဝင်ရိုးတန်းရဲ့
နှစ်ဆယ်ငါးဒီဂရီ
အစွန်းနှစ်ဖက်မှာ
စိမ်းလဲ့သော
မင်း မျက်ဝန်းညိုတွေ
သွန်းဖြိုးခဲ့တာကိုး ….

/* စစဆုံးဆုံး ကြိုက်တယ်… အဆုံးသတ်လေးက တစ်မျိုးလေးးးး ချစ်ဖို့ကောင်းတယ်… စိတ်လည်းမကောင်းစရာလေး..
အစအဆုံးကို ကြိုက်*************7777777 တယ်.. ခေါင်းစဉ်ကိုရောပဲ.. */
(: clappinggggggggggggggggggggggggggg..

commentinfo By: ဖြိုးဖြိုး at Jan 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment