Professional Authors

ငရဲသား

ငရဲသား

ငါပဲ သိတဲ့
အလွမ်း စေတသိတ်နဲ့ 
ဟောဒီ ဧရာဝတီမြစ်ကြီးကို
နင့် အတွက် လက်ဆောင်ထုပ်ထားတယ်

ဒီရင်ကို
အကြိမ်ကြိမ် ဓားနဲ့ ထိုး
နင် ပဲ ပြန်ကုလိုက်  ပြန်ထိုးလိုက်
ဒီရင်သာ
စကားပြောတတ်ရင်
နင့်ကိုပဲ ကျိန်ဆဲမလား ငါ့ကိုပဲ ကျိန်ဆဲမလား

နာကျင်ရမှာကို နာကျင်ရမှန်းမသိတဲ့
မောဟ ပိတ်ဖုံးနေတဲ့ ငါက
ငါတို့အတန်းက ဆရာမလေး
ငါ့ကို ဆူနေရင်တောင်
ဘာမှမဆိုင်ပဲ
နင့်ကို သတိရတယ်…..။

                              

                             မိုးအိမ်
In: ကဗျာ Posted By: Date: Jul 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment