Professional Authors

ကြေကွဲည

ပြတ်မယ့်ပြတ်တော့လည်း

ထောင်းခနဲပဲ။

တိမ်ထူမရှိတော့လည်း

မဟူရာညက

အေးစက်နေပြန်တယ်။

မင်းရင်ငွေ့ခြုံလို့

လုံခဲ့တဲ့ညတွေတော့

ပုံလျက်ကလေးလဲကျလို့။

ညဉ့်ကတစစနဲ့နက်

ကောင်းကင်ကြီးက

ကြယ်ပျောက်ရှာနေပြီ။

နင်မမြင်ချင်လို့ပဲ

ပြဒါးတွေနဲ့သုတ်ပစ်

ဟိုဘက်ခြမ်းမှာ

နင့်အလင်းနင်ပြန်တာ

ငါနဲ့မဆိုင်တော့ပါဘူး။

အေးလေ…………။

ငါလည်း

နင်ခွာချလိုက်တဲ့မျက်နှာဖုံးကို

လကွေးကွေးမှာ

ချိတ်ထားလိုက်မယ်။

လ မိုက် လို့ မ ရ အောင် လို့။

In: ကဗျာ Posted By: Date: Sep 9, 2010
Comment #1

ဟုတ်တယ်………..မျက်နှာဖုံးဆိုတာအချိန်တန်ရင်တော့ကွာကျပါတယ်…. ဒီလိုပဲခံစားခဲ့ရဖုးတယ်…..နောက်ဆုံးမှသိလိုက်ရတယ်……..မျက်နှာဖုံးစွပ်ထားတာ……..

commentinfo By: May Kha at Sep 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment