Professional Authors

မညီမျှခြင်း

ှကမ္ဘာတခြမ်းမှာ သူတို့ပျော်နေကြတယ်
ကမ္ဘာတခြမ်းမှာ ငါငိုနေတယ်
ကမ္ဘာတခြမ်းမှာ သူတို့မျှော်လင့်တကြီးနဲ့
အဲဒီကောင်းကင်ကြီးကိုပေါ့
ပြုံးပြုံးကြီးမော့မော့ကြည့်လို့
ကမ္ဘာတခြမ်းမှာ ငါလေ ရင်ကွဲပက်လက်နဲ့
အဲဒီအနားသတ်မရှိတဲ့ပင်လယ်ကြီးကိုငေးလို့
ကမ္ဘာတခြမ်းမှာ ဟိုတယောက်ပေါ့
အဖေ..အမေ…ဆိုပြီး ဂန္ဓဝင်မြောက်ကဗျာတွေစပ်လို့
ကမ္ဘာတခြမ်းမှာ ငါကတော့
အဖေ..အမေ..ဆိုပြီး ဂန္ဓဝင်မမြောက်ကိန်းဂဏာန်းတွေနဲ့နပန်းလုံးနေရဲ့
ဒီလိုနဲ့……………………………………………..
………………………………………………………
ကမ္ဘာတခြမ်း သူတို့ပျော်ရွှင်စွာဆုံဆည်းကြတယ်
ကမ္ဘာတခြမ်းမှာ ငါကအငွေ့ပျံပျောက်ဆုံးလို့
ငါကအငွေ့ပျံပျောက်ဆုံးလို့

ကမ္ဘာတခြမ်းမှာလေ………………….။

အမရာ

In: ကဗျာ Posted By: Date: Jul 1, 2010
Comment #1

အင်း ကမ္ဘာက လဲခြမ်းလိုက်တာ ဘယ်နှစ်ခြမ်းတောင်ဖြစ်သွားတာလဲမသိတော့ဘူး။။ ရေလိုက်ဦးမယ်။
စတာနော်အစ်မ…။အရမ်းကောင်းတယ်သိလား…။တကယ်လန်းတယ်။
အားပေးသွားတယ်နော်။ ကျွန်တော့ကဗျာတွေကျရင်လာဖတ်ရင်ဖတ်မဖတ်လို့ကတော့နောက်နေ့မုန့်မ
ကျွေးဘူး။ဒါပဲ..။

commentinfo By: naynyo23 at Jul 1, 2010
Comment #2

ဖြိုးဖတ်ဖူးတဲ့ ကဗျာတစ်ပုဒ်မှာတော့

“ညီမျှခြင်းတွေ့တိုင်းလည်း
အဖြေမရှာပါနဲ့” တဲ့

အဲလိုဆိုတော့ အစ်မရေ အခု မညီမျှခြင်းတွေ တွေ့လည်း မဆိုင်သလိုသာ နေလိုက်ပါ.. (: အစ်မ ပင်ပန်းမှာစိုးလို့..
idea လေးကောင်း၏။

commentinfo By: ဖြိုးဖြိုး at Jul 2, 2010
Comment #3

အစ်မရေ
သမီး အိမ်မှာ Internet မရလို့ ညပိုင်း မသုံးဖြစ်လို့.. အခုလည်း စနေတနင်္ဂနွေဆိုတော့…..
အစ်မ msg ရတယ်နော်..
သမီး internet ရတာနဲ့ fb ကိုလာခဲ့မယ်လေနော်အစ်မ
အဲဒီတော့မှ သေချာပြောကြမယ်လေနော်အစ်မ (:
see ya!! (:

commentinfo By: ဖြိုးဖြိုး at Jul 3, 2010
Comment #4

Let me share…your poem.

commentinfo By: Nasa at Dec 4, 2011
Comment #5

ma nyi hwma phyit nay dar dot hoe a sa ka de ka par,,,
be lo pe kyoe sar p hnyi pay me ma ya ke par,,,

commentinfo By: ei lay at Jan 13, 2012
Comment #6

တော်တော်လေးကိုကောင်းပါတယ် အားပေးနေမယ်နော်

commentinfo By: yamoein at Nov 24, 2012
Comment #7

ကမ္ဘာတခြမ်းမှာ သူတို့ပျော်နေကြတယ်
ကမ္ဘာတခြမ်းမှာ ငါငိုနေတယ်
ကမ္ဘာတခြမ်းမှာ သူတို့မျှော်လင့်တကြီးနဲ့
အဲဒီကောင်းကင်ကြီးကိုပေါ့

commentinfo By: mayviolet at Nov 25, 2012
Comment #8

ကမ္ဘာတခြမ်း သူတို့ပျော်ရွှင်စွာဆုံဆည်းကြတယ်
ကမ္ဘာတခြမ်းမှာ ငါကအငွေ့ပျံပျောက်ဆုံးလို့
ငါကအငွေ့ပျံပျောက်ဆုံးလို့

ကမ္ဘာတခြမ်းမှာလေ………………….။ အရမ်းကြိုက်တယ် အမရေ

commentinfo By: မေပျို at Nov 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment