Professional Authors

လူပျိုကြီး-၂

လူပျိုကြီးပါ
လူပိုကြီးမဟုတ်ပါဘူး
မင်းနှလုံးသားရဲ့ လစ်လပ်နေရာ
ငါ့လျောက်လွှာလေး တင်ချင်လို.ပါ။

မင်းရဲ့လှောင်ပြောင်တဲ့အင်တာဗျူးတွေ
ဝမ်းနည်းစွာ ငါဖြေပါတယ်
“ဘာလို.နဖူးပြောင်နေတာလဲ”
မင်းအကြောင်းနှလုံးသားမှာရေးထားတာ
နေရာမဆန်.မှာစိုးလို.
ငါသေရင်ဆက်ရေးဖို.နေရာပါ
“ဆံပင်ပေါက်ချင်တာလား
ရည်းစားလိုချင်တာလား”
မင်းကိုရည်းစားအဖြစ်တွဲသွားတဲ့အခါ
မင်းရှက်မှာစိုးလို.ဆံပင်ပေါက်ချင်တာ

မင်းပြုံးဖို.ဖြေရတဲ့အဖြေတွေမှာ
အမှန်တရား တ၀က်ပါပါတယ်
အရှက်တရားတစ်ဝက်ပါ ပါတယ်
ငါဟာလှောင်စရာဖြစ်နေချိန်မှာ
ငါ့မေတ္တာကိုပါ လှောင်စရာဖြစ်လာတော့
ဝမ်းနည်းစွာငါပြန်ရတော့မှာ။

ငါပြင်မရတဲ့ သဘာဝတရား
ငါ့အားနည်းချက်ပဲလား
ရုပ်ရှင်ထဲတွေထဲမှာ
လူဝကြီးတွေကရယ်စရာလား
လူပုလေးတွေက ရယ်စရာလား
ခံစားချက်နှုန်းစံတွေ လွဲမှားလွန်းနေတဲ့ကမ္ဘာ။

ဘာပဲပြောပြောလေ
မေတ္တာတရားဟာ
နဖူးနဲ.မဆိုင်တာ မင်းနားလည်လာတဲ့နေ.
အချစ်ဆိုတာ
အသက်နဲ.မဆိုင်တာမင်းနားလည်လာတဲ့နေ.
တိတ်တိတ်လေး ငါ ဆုတောင်းနေရတော့မှာ
တိတ်တိတ်လေး ငါ ဆုတောင်းနေရတော့မှာ
တိတ်တိတ်လေး ငါ ဆုတောင်းနေရတော့မှာ

In: ကဗျာ Posted By: Date: Sep 8, 2010
Comment #1

(:

commentinfo By: ဖြိုးဖြိုး at Sep 8, 2010
Comment #2

good

give me

commentinfo By: ဇွန် at Sep 8, 2010
Comment #3

မိုက်တယ်ဗျာ

commentinfo By: Anat Yong at Sep 8, 2010
Comment #4

မောင်ကြီး လက်လျှော့နေပါတော့တဲ့လေ….ဟီးးးးးးးးး

သီချင်းတောင်ရှိသေး………..
စိတ်လျှော့လိုက်တော့ ဒီအတိုင်းမင်းအတွက် ပိုအဆင်ပြေမယ်တဲ့ဗျာ…း))
အဲ့တော့…
နဂိုအတိုင်းလေးပဲ…
ဖေဖေ့လိုပဲ လူပြိုကြီးပဲ လုပ်နေပါတော့ရှင်….
ဟားဟားဟား….
စတာပါနော်…း))
စိတ်ဆိုးရဝူးးးးး))

commentinfo By: မှုံရွှေရည် at Sep 9, 2010
Comment #5

လူပျိုကြီးမဟုတ်ပါဘူး
လူပိုကြီးပါ…ဟဲဟဲ…. မှားလို့ 
တော်တော် ကောင်းတယ်ဗျာ..လူပျိုကြီးရဲ့ ကဗျာလေးက.. 🙂

commentinfo By: sharon myorr myor at Oct 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment