Professional Authors

အစမ်းဘဝ

ထွက်သက်..၀င်သက်နဲ့..

 

သက်ဆိုင်တဲ့အရာကို… သက်ရှိလို့ခေါ်တယ်တဲ့…

 

နာရီကို…ရပ်တန့်ထားလည်း…

 

ငါ့အတွက်… ချိုမြိန်စရာမှမဟုတ်တာ…

 

ရှုပ်လို့ထုတ်ထားတာမှ… အရှုပ်ထုတ်ပါ။

 

သစ်ပင်ကို လေးစားမိတာနဲ့…

 

မင်းကငါ့ကို… မလေးစားတာ…

 

လားလားမှမသက်ဆိုင်…

 

ပြန်တမ်းတဖို့.. အင်အားပေးထားတဲ့

 

ငါ့စိတ်ကိုပဲ… ငါပြန်တမ်းတချင်တော့တယ်..

 

မင်းကိုတော့.. ဆော်ရီးပါ။

 

အရာရာကိုပြန်ပြင်ခွင့်ရှိရင်…

 

ဝင်သက်ထွက်သက်ကိုပဲ စွန့်လွှတ်ချင်ခဲ့…

 

ငါအဲဒီ့လောက်… အမှားများခဲ့တာပဲ…

 

အစမ်းပေးထားတဲ့ဘ၀ကိုမှ… ငါကအစဉ်ကြီးလို

 

ဖက်တွယ်လိုက်တာပဲ။

 

ဒါနဲ့..တဖြည်းဖြည်းနေ၀င်သွားတယ်…

In: ကဗျာ Posted By: Date: Sep 7, 2010
Comment #1

i so like it ,
ကောင်းတယ်ဗျာ…
ကိုယ်တိုင် မဖန်တီးနိုင်ပေမယ့်..
ကိုယ့်ဟာကိုယ်တော့ ခံစားတတ်တဲ့ ပါရမီလေးပါလာခဲ့တာကိုပဲ
ကိုယ့်ဘ၀ ကို ကြံဖန် ကျေးဇူးတင်ရတော့မှာပဲ…

အနုပညာဆိုတာ အကြည်ဓာတ်လေးရှိတုံးတာ ဖန်တီးနိုင်တာဗျ..။
လုပ်ပါ… များများလုပ်နိုင်တုံးမှာပေါ့.. ။

အများကြီး ၊ အပုံကြီး တိုးတက်ပါစေဗျာ…။ (လင်းလင်း)

commentinfo By: sorrower.kl at Sep 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment