Professional Authors

အလှတရား

သစ္စာသည် အလှ
အလှသည် သစ္စာ
အသုံးဝင်မှုသည် အလှ
အလှသည် အသုံးဝင်မှု။ ။
အနုပညာသည် အလှ
အလှသည် အနုပညာ
အချစ်သည် အလှ
အလှသည် အချစ်။ ။
အချစ်ရေ…
အလှကို မည်သို့ပင်ဖွင့်ဆိုစေ
မင်းကိုတော့ဖြင့်…
မြန်မာဆန်စေချင်လိုက်တာ
သိမ်မွေ့စေချင်လိုက်တာ…။ ။
အလှသည် မြန်မာဆန်ခြင်း
မြန်မာဆန်ခြင်းသည် အလှ
အလှသည် သိမ်မွေ့ခြင်း
သိမ်မွေ့ခြင်းသည် အလှ
အချစ်ရေ…
မင်းကိုတော့ဖြင့်
မြန်မာဆန်စေချင်လိုက်တာ။     ။

In: ကဗျာ Posted By: Date: Feb 20, 2013
Comment #1

😛
he.he..
i love this poem so much.

i like very much if the guy is wearing longyis.
i feel that full of attraction & looks great.
but i myself rarely wear longyis & 100% sure is impossible to wear it on my body the whole day. 😛

commentinfo By: ei lay at Feb 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment