Professional Authors

ငါရဲ့လိပ်ပြာ

ဖြူစင်တဲ့စိတ်ကလေးနဲ့
အပူအပင်ဖွဲ့ အရိပ်တွေဖြင့်
မေတ္တာရည် အလှလွှမ်း
သစ္စာတည် ဘ၀လမ်း
လျှောက်လှမ်းခဲ့ပေ….။
ဘယ်သူတွေ ဘယ်လိုကဲ့ရဲ့
မဲ့ရွဲ့လို့ မြင်ကာ ကြည့်စေ
လူတကာတွေ မေးငေါ့မှာကြောက်…
လိပ်ပြာလုံ
သိက္ခာဂုဏ် ရိုးသားစွာဖြင့်
ရိက္ခာအစုံ တိုးပွားမလာလဲ
(နင်ရယ်… တို့ကတော့) မိုးခါးရေမသောက်….။

In: ကဗျာ Posted By: Date: Sep 4, 2010
Comment #1

“ရိက္ခာအစုံ တိုးပွားမလာလဲ
(နင်ရယ်… တို့ကတော့) မိုးခါးရေမသောက်….။”

အစ်မ မနောဖြူလေး တောင် မလာတာကြာပြီ…..

commentinfo By: ဖြိုးဖြိုး at Sep 5, 2010
Comment #2

အားပေးသွားပါတယ် မနောဖြူရေ ..။

commentinfo By: chityellusoelay at Aug 15, 2011
Comment #3

လုလင်လည်း အားပေးသွားသည်

Leave Comments

Name*

Email*
Website
Email me whenever there is new comment