Professional Authors

အမေ

အမေ…
ကြယ်ကြွေတွေ ကောက်ပြီး
လေထဲမှာ အိမ်ဆောက်မိသူက
ကျွန်တော်ပေါ့……

တိမ်တောက်တဲ့ ညနေတိုင်း…
ကောင်းကင်ကိုကြည့်ငေး
ကျွန်တော်မပါတဲ့…
မိသားစု ထမင်းဝိုင်းလေးဆီကို
စိတ်တွေကပြေးလို့…
အမေ့အနား…
ခုချက်ချင်း ရောက်သွားလိုက်ချင်တယ်…..။

အမေ့ ရင်ခွင်ရဲ့အဝေး..
ခြေစုံကန် ထွက်ပြေးခဲ့မိတာ ၃ နှစ်…
အဲဒီ့ အတောအတွင်းမှာ…
ဒဏ်ရာတွေနဲ့ပဲ..နစ်နေရတယ် အမေ…..။

အမေရေ….
မာယာစုံတဲ့လောကကြီးရဲ့….
မျက်နှာဖုံးတုတွေကြားထဲမှာ..
ရိုးသားစွာ ခရီးဆက်…
သူတစ်ပါးကို နင်းတက်လိုက်ရမှာ…
ကျွန်တော်..ရှက်တယ်….အမေ…….။

လိုအင်တစ်ခုအတွက်….
အမှန်တရားကို မြိုချ…
လိုအပ်ချက် တစ်ခုအတွက်…
သူများ ခြေထောက်တွေကို လိုက်လိုက်လျက်ရမှာလဲ….
ကျွန်တော် ရှက်တယ်……။

အများနဲ့ တစ်ယောက်….
လူတွေက ကျွန်တော့်ကို..
မျက်မှန် အနောက်နဲ့ ကြည့်ကြတယ်…..

တကယ်တော့ အမေရယ်…
မိုးရွာတုန်း ရေခံဆိုပြီး…
သူတို့ သောက်နေတဲ့ မိုးခါး…..
ကျွန်တော် မမက်မောတတ်တာ အပြစ်လား အမေ…….
မိုးခါး တစ်စက်ကြောင့် ….
ကျွန်တော့်လမ်းလေး ပျောက်သွားမှာ ကြောက်တယ်……….။

အဲဒီတော့…
ကျွန်တော့်ကို လူတွေက မေးငေါ့တယ်……
ဂျစ်ကန်ကန် ညစ်ကပ်ကပ်
ဆင်းရဲတွင်း.. နက်မဲ့ ကောင်တဲ့……………..။

သူတို့ ဘယ်လို ပြောပြော
တစ်လောကလုံးပဲ မှောင်နေပါစေ….
အမှန်တရားကို ဆုပ်ကိုင်လို့…
ကိုယ့်သိက္ခာနဲ့ ကိုယ်..လင်း…..
ကျွန်တော့ မနက်ခင်းတိုင်း…..
ကြောင့်ကြခြင်း ကင်းပါတယ်..အမေ………..။
အဝေးရောက်နေတဲ့….
သားတစ်ယောက်အတွက်..
သောကတွေ မီးမတောက်ပါနဲ့….အမေ
ကိုယ့်လမ်း….ကိုယ်ဖောက်
ချောက်နက်ထဲ မရောက်အောင်….
သား လျှောက်နိုင်ပါတယ်…………။

ကျွန်တော့်အတွက်…
တစ်ခါမှ..ဂုဏ်မတက်ခဲ့ရတဲ့အမေ….
မျက်ရည်လဲ.. မဝေစေရပါဘူး……
သားမိုက် မဟုတ်ပေမယ့်….
သားလိမ္မာလဲ မဟုတ်တဲ့ ..အမေ့သား……
သစ္စာစကား ဆိုပါတယ်..အမေ………………။

အမေရေ………..
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ…….
အရှိန်အ၀ါတွေ ကင်းမဲ့တဲ့…အိမ်အိုလေးထဲမှာ….
အမေ့ရင်ခွင် ပါးအပ်ရင်း…….
ကျွန်တော်…..
တစ်ရေးလောက်…မှေးစက်ချင်တယ် အမေ……………………..။

((လေးညှို့ရှင်))

In: ကဗျာ Posted By: Date: Jun 25, 2009  
Comment #1

တကယ်ရော ကြောင့်ကြခြင်း ကင်းရဲ့လားးး

commentinfo By: အရဲ at Jun 25, 2009
Comment #2

ကိုယ့်သိက္ခာနဲ့ ကိုယ်..လင်း….. တဲ့ သား အတွက် အ မေ ဂုဏ်ယူ နေမှာ သေချာပါတယ်

be strong !!

🙂

commentinfo By: Khine Swe Zin Thin at Jun 25, 2009
Comment #3

အဲဒီတိုင်းဘဲဆက်သွားပါ… အမေကလဲဒီသားအတွက်ဂုဏ်ယူ နေမှာ ပါ

commentinfo By: Shwe Ngar at Aug 24, 2010
Comment #4

ဟုတ်ပါတယ်
အဓိက ကကိုယ့်လိပ်ပြာကိုလုံဖို့ပဲ အရေးကြီးပါတယ်
မှန်တယ် သူငယ်ချင်း
ဒီအတိုင်းပဲဆက်သွားပါ

commentinfo By: mathu at Aug 24, 2010
Comment #5

ကဗျာလေး ကအရမ်းကောင်းတယ် ……………..ခံစားချက်တကယ်ဆိုရင်တော့ တူနေသလိုပါပဲံ………….

commentinfo By: cho zin at Oct 12, 2010
Comment #6

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ….;)

commentinfo By: စောတိမ်နွယ် at Oct 12, 2010
Comment #7

မျက်ရည်တောင်ဝဲတယ်….နှလုံးသားထဲက အမှန်တရားမို့လို့နဲ့ တူတယ်နော်။ အောင်မြင်မှုတွေက အမေ့သားကောင်းအတွက် စောင့်နေမှာပါ။

commentinfo By: ဇံ at Oct 13, 2010
Comment #8

ကျွန်တော်ဖတ်ပြီး အရမ်ဲးကြိုက်လို. shared ခွင်.ပြုပါ

commentinfo By: ပီယ သရ at Jul 1, 2013
Comment #9

လုံးဝလန်းတယ် ကဗျာက
ကဗျာအဖွဲ့အနွဲ့ကော စကားလုံးတည်ဆောက်ပုံကော အရမ်းကောင်းပါတယ် ~~

With respect,
RAY

commentinfo By: X - ray at Jul 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment