Professional Authors

ပိရမစ်

ဖာရိုဘုရင်တစ်ပါးကျဆုံးသလို
နန်းတော်တစ်ခုလုံးက ဂူသင်္ချိုင်းဖြစ်သွားတာ။

နင့်ကိုတော့ချစ်ခဲ့ဘူးလို. ခွင့်လွှတ်ပေမယ့်
နင့်ကောင်ကိုတော့ မျက်နှာတံတွေးနဲ.ထွေးချင်နေတာ
သုံးနှစ်ကြာပြီ။

ငါရှုံးခဲ့တာနဲ့စာရင် နည်းသေးတယ်
ဘုရင်တွေနဲ.သမိုင်းမှာ
အယုံကြည်ရဆုံးသူတွေကပဲ သစ္စာဖောက်ကြတာ
သစ္စာဖောက်တွေကပဲ မျက်နှာပြောင်တိုက်ကြတာ။

နောက်ကျောကို ဓားနဲ.ထိုးတာမဟုတ်ဘူး
ငါကြိုက်တဲ့စားစရာထဲမှာ
တမျှင်းမျှင်းသတ်မယ့် အဆိပ်ခတ်လိုက်တာဆိုတော့
နင်တို.နှစ်ယောက်လုံးကို
ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် မုန်းတယ် ။

ဒီပိရမစ်ထဲက မမ်မီက
ဆေးစီရင်ပြီး မပုပ် မသိုးတာမဟုတ်ဘူး
အမုန်းဓာတ်နဲ. ခဲထားတာ
အမုန်းဓာတ်နဲ. …………

In: ကဗျာ Posted By: Date: Sep 2, 2010
Comment #1

စိတ်ထဲရှိတာနဲ.စာရင် နဲနဲပျော့သွားတယ် ဟီးးးးးးးးး

commentinfo By: မော်နီ at Sep 2, 2010
Comment #2

အဲလောက်တောင် ပြင်းထန်တယ်လား မော်နီ ..း)

commentinfo By: kyi kyi at Sep 2, 2010
Comment #3

အောင်မလေး ပျော့သေးတယ်ဆိုပဲ……..
(:

commentinfo By: ဖြိုးဖြိုး at Sep 2, 2010
Comment #4

ဘုရင်တွေနဲ.သမိုင်းမှာ
အယုံကြည်ရဆုံးသူတွေကပဲ သစ္စာဖောက်ကြတာ
သစ္စာဖောက်တွေကပဲ မျက်နှာပြောင်တိုက်ကြတာ။
ဟုတ်ပါတရ် အယုံကြည်ရဆုံးသူငယ်ချင်းဖောက်တရ်ဆိုတော့ နာကျဉ်းတော့ပါဘူး ဒါပေမဲ့တော်တော်တော့နာကျင်နေတရ်
မုန်းဘဲနဲ့ ဥပေက္ခာပြုလိုက်ပါပြီ
ခံစားချက်ချင်းတိုက်ဆိုင်နေတရ်

commentinfo By: ayeayethi at Sep 2, 2010
Comment #5

ကြီုက်တယ်…………………..

commentinfo By: kathitni1980 at Sep 2, 2010
Comment #6

မိုက်တယ်…

နင့်ကိုတော့ချစ်ခဲ့ဘူးလို. ခွင့်လွှတ်ပေမယ့်
နင့်ကောင်ကိုတော့ မျက်နှာတံတွေးနဲ.ထွေးချင်နေတာ
သုံးနှစ်ကြာပြီ။

အဲဒါပျော့တယ်ထင်တယ်ဗျာ
🙂

commentinfo By: anatyong at Sep 2, 2010
Comment #7

🙂 🙂 🙂

commentinfo By: Kyaw Myo Htet at Sep 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment