Professional Authors

ပိရမစ်

ရာစုတစ်ခုရဲ့အထင်ကရ အညတရတို့ရဲ့သွေးချွေးများပေးဆပ်ရာ မဟာဘုရင်တို့ရဲ့အာဏာပြယုဂ်
လျို့ဝှက်ဆန်းကြယ်မှု့တို့ရဲ့အလှတရား နာကျင်ခြင်းများစွာတို့၏ငြီးတွားသံများ
အာဏာရှင်တို့ရဲ့ဂုဏ်မာနများ သေခြင်းတရားရဲ့ထာဝရလဲလျောင်းရာ အဆုံမရှိတဲ့သံသရာခရီးသွားများ
ရာစုအဆက်ဆက်သူ့လျှို့ဝှက်ခြင်းတွေကိုထမ်းပိုး ကျိန်စာဆိုးဆိုးတွေနဲ့ပေါ့
နှောင်းလူတို့အတွက် အကြောက်တရားတွေချန်ရစ် သူကတော့ ခိုးခိုးခစ်ခစ်နဲ့ပေါ့ ………………………..
ရွှေမျက်နှာဖုံးတွေနဲ့ရွှေအသုံးတွေကခပ်ကြမ်းကြမ်း လက်ညှိုးညွှန်ရာရွှေဖြစ်စေခဲ့သူများ ခပ်ရေးရေးနဲ့မှုန်ဝါးသွားခဲ့
အီဂျစ်တွေရဲ့ပြောင်မြောက်တဲ့တည်ဆောက်ခြင်းလက်ရာ ကမ္ဘာ့အလှတစ်ပါးနေရာအား ရောက်နိုင်ရေးအတွက်ရည်သန်ထားရင်း
အမှန်ဆုံးတရားဆိုတာအမြန်ဆုံးသွားတာမဟုတ်ခဲ့တော့ အပြန်ပြုံးသွားရုံသာဖြစ်နေခဲ့ ဒါကံဆိုးခဲ့တာလားရယ်
အကြိမ်ကြိမ်စိတ်မှန်းခရီးသွား တစ်ယောက်ထဲမဟုတ်ခဲ့တာတော့သေချာ
မိတ်ဆွေတစ်ယောက်အနေနဲ့တော့မလိုက်နိုင်တာကျိန်းသေတယ်ကွာ ။                          ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Dec 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment