Professional Authors

ကြေကွဲစေ….

ပျော်နိုင်မယ်ထင်လို့
နင်မျက်နှာလွှဲ
နင့်တစ်သတ်လုံးလည်း
သူ့ကြောင့် လှပပါစေ…..။
 
အငိုမတိတ်နိုင်သေးတဲ့
ကျန်ရစ်ခဲ့သူ ငါ့ ကိစ္စ
နင်တို့ နှစ်ယောက်အတွက်
ကတောက်ကဆ ဖြစ်ခဲ့မယ်ဆိုရင်
ကျိတ်ရှိုတ်ရင်းနဲ့ မျိုသိပ်
အနှောက်အယှက်ကင်းကင်းနဲ့ နင်တို့ ပျော်ရစေဖို့
အစွမ်းကုန်လည်း ငါရွှင်ပြနေပေးပါ့မယ်…..။
 
ငါ့ကို ချစ်တယ် လို့ တဖွဖွ ပြောဖူးခဲ့တဲ့နင်
အံ့သြလောက်သော ဇာတ်လမ်းတွေနဲ့
ခုဆို…..
ငါ…ဖြစ်နေလို့ နင် ချစ်မရတော့တာ တဲ့လား……?
 
လုပ်ရက်တယ်လို့
မချိတင်ကဲ…ငါ မပြောလို
တကယ်ဆို
နင်ရက်စက်သမျှ ကြေကွဲခဲ့ရတဲ့
ငါ့အဖြစ်ကိုပဲ
တခါတလေ ရင်နင့်အောင် နာတယ်…..။
 
အသင့်ရှိနေပြီဖြစ်တဲ့
နင့် ကြင်သူလေးအတွက်
အစစ်အစစ်သော ချစ်ခြင်းတွေ အပြည့်ထည့်
ငါ့ချစ်သူ နင်….
အဲလို ချစ်တတ်သွားတာ
ငါ သိပ်လည်း ၀မ်းမြောက်ပါတယ်….။
 
အပြုံးတွေ ဖလှယ်ကြ
အနမ်းတွေ ဝေကြ
သိပ်လှတဲ့ စကားသံတွေနဲ့
နင်တို့နေ့တွေ ဖော်ကျူးကြ
အတုံ့အလှည့်မဲ့သော ဘ၀ပေးအတွက်
နင်တို့တွေ သာယာကြပါစေ….။
 
နောက်ဆုံးမှာပေါ့
ကျွံနေပြီဖြစ်တဲ့   ငါ့ နှလုံးသားအား
ပြန်နုတ်ယူဖို့ ငါ မစဉ်းစား…..
ငါ့အတွက် ရှိသော
နေရာအိုလေးတစ်ခုထဲမှာ
ဝေဒနာတွေ မဖယ်ရှားလိုတဲ့ငါ
အသက်တွေ နေ၀င်သည်ထိလည်း ရှိနေအုံးမယ်….။
 
ငါပိုင်ထားတဲ့ ငါ့ရင်ခွင်ငယ်ရယ်
အားတော့ နာပါရဲ့
သူ့အတွက် ဆက်လက် ကြေကွဲနေပါရစေ…..။
 
ရှေ့ဆက်ပြီးတော့လေ……
ငါ….သူ့ကြောင့်ပဲ ကြေကွဲစေ….။

အလွမ်း(ကေသရီ)

In: ကဗျာ Posted By: Date: May 18, 2011
Comment #1

ငါပိုင်ထားတဲ့ ငါ့ရင်ခွင်ငယ်ရယ်
အားတော့ နာပါရဲ့
သူ့အတွက် ဆက်လက် ကြေကွဲနေပါရစေ…..။

commentinfo By: ခင်ဘုန်းနေ at May 18, 2011
Comment #2

(အငိုမတိတ်နိုင်သေးတဲ့
ကျန်ရစ်ခဲ့သူ ငါ့ ကိစ္စ
နင်တို့ နှစ်ယောက်အတွက်
ကတောက်ကဆ ဖြစ်ခဲ့မယ်ဆိုရင်
ကျိတ်ရှိုတ်ရင်းနဲ့ မျိုသိပ်)
ကြိုက်တယ်ဗျာ…….

commentinfo By: မုဆိုး at May 18, 2011
Comment #3

သူ့ကြောင့်ပဲ ကြေကွဲစေ…

commentinfo By: phonegyi at May 19, 2011
Comment #4

ငါ့ကို ချစ်တယ် လို့ တဖွဖွ ပြောဖူးခဲ့တဲ့နင်
အံ့သြလောက်သော ဇာတ်လမ်းတွေနဲ့
ခုဆို…..
ငါ…ဖြစ်နေလို့ နင် ချစ်မရတော့တာ တဲ့လား……?

commentinfo By: anglekhnum at Apr 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment