Professional Authors

ရည်ရွယ်မထားတဲ့မေးခွန်း

မနက်ဖြန်ဟာ
ငါ့အတွက်ပဟေဠိသံစဉ်ပေါ့။

ငါဟာ
ပုလွေဆရာ့တေးသွားမှာညို့မိနေတဲ့ ကြွက်လား?
ဒါမှမဟုတ်
ဗန်ဂိုးရဲ့အိပ်မက်တစ်စုံလား?
အက်ဒီဆင်ရဲ့ တီထွင်စိတ်ကူးလား?
စတီဖင်ဟော့ကင်းရဲ့ ကွမ်တမ်နောက်ဆက်တွဲ သီအိုရီလား?

ခပ်ညံ့ညံ့နဲ့စခဲ့ပေမယ့်
ခပ်ချာချာအဆုံးသတ်ဖို့တော့လက်မခံနိုင်…

အရေးကြီးတာနဲ့ အရေးမပါတာခွဲခြား
နှလုံးသားကလိုအင်နဲ့ ချိတ်ဆက်
တိတိပပခရီးအတွက်
လိုလိုမယ်မယ်…

အခု တက်ကျမ်း နည်းနည်းဖတ်နေတယ်။ ။

ဩမြိုင်

In: ကဗျာ Posted By: Date: Aug 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment