Professional Authors

ရည်ရွယ်မိသူသို့

လူတွေအားလုံးသိတယ်
ဟန်ဆောင်အပြုံးတွေနဲ့
အဝေးမှာရှောင်ပုန်းနေခဲ့တာ
မင်းမုန်းမှာစိုးလွန်းလို့ ။

တကမ္ဘာလုံးသိတယ်
ငါမဟုတ်တဲ့ ငါ့ရုပ်နဲ့
စိတ္တဇအတွေးတွေ ထုတ်မပြခဲ့တာ
ငါ့ကိုယ်ငါထက် မင်းကို ပိုမြတ်နိုးလွန်းလို့ ။

တလောကလုံးသိတယ်
 ပြန်လှည့်မကြည့်ဘူးဆိုတဲ့စကားနဲ့
သံယောဇဉ်တွေ တားဆီးထားခဲ့တာ
မင်းရွေးချယ်မှုနဲ့မင်း ပျော်စေချင်လွန်းလို့ ။

ငါ့ကိုယ်ငါသိတယ်
ဘယ်တော့မှ အစားမထိုးခဲ့တဲ့စိတ်နဲ့
အရင်ပုံရိပ်တွေ ပြန်ပြန်တွေးတတ်တာ
မင်းတစ်ယောက်ကိုပဲ ရည်စူးထားခဲ့လို့ ။

In: ကဗျာ Posted By: Date: Dec 4, 2010
Comment #1

……………………….
………………
…………ကောင်းတယ်………!!!!!!!!

commentinfo By: အသဲကွဲမိုး at Dec 4, 2010
Comment #2

ကောင်းတယ်ဗျ….

commentinfo By: moehtetaung18 at Dec 4, 2010
Comment #3

ပြန်လှည့်မကြည့်ဘူးဆိုတဲ့စကားနဲ့
သံယောဇဉ်တွေ တားဆီးထားခဲ့တာ
မင်းရွေးချယ်မှုနဲ့မင်း ပျော်စေချင်လွန်းလို့ ။

ကောင်းလိုက်တာဗျာ………..

commentinfo By: နိုင်ကြီး at Dec 5, 2010
Comment #4

ငါ့ကိုယ်ငါသိတယ်
ဘယ်တော့မှ အစားမထိုးခဲ့တဲ့စိတ်နဲ့
အရင်ပုံရိပ်တွေ ပြန်ပြန်တွေးတတ်တာ
မင်းတစ်ယောက်ကိုပဲ ရည်စူးထားခဲ့လို့ ။ [ကြိုက်တယ်..ဒီအပိုဒ်ကို}

commentinfo By: ရွှေငါး at Dec 7, 2010
Comment #5

အသဲကွဲမိုး။ မိုးထက်။ နိုင်ကြီး။ ရွှေငါး အားလုံး ကျေးဇူးပါ။ လိုတာရှိရင်လည်းဖြည့်ပေးပါအုံး။…….

commentinfo By: moezat at Dec 7, 2010
Comment #6

mike de
kyike de

commentinfo By: ei lay at Sep 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment