Professional Authors

ရည်ရွယ်ရာသို့ ……………….

မြတ်နိုးခြင်းတို့ ၏ခေါ်ဆောင်ရာ
မီးအိမ်ငယ်တစ်လုံးနှင့် အသော့ နှင်ခဲ့ရ၏

တွေဝေခြင်းအလျင်းမရှိသောစိတ်အစဥ်သည်
ကွယ်ပျောက်လုဖြစ်သော အလင်းငယ်ကိုအံတုလျက်
တုံ့ ဆိုင်းခြင်းအလျင်းမရှိသော
ခြေအစုံတို့ ဖြင့် 
ငါသည်…………..
သူရဲကောင်းတစ်ယောက်၏ရဲ ရင့် ခြင်းကိုဖြစ်စေလျက်
ခရီးတို့ အားတွင်စေခဲ့ ၏
ပန်းတိုင်မရောက်သေးသရွေ့ တော့ လှော်ခတ်ရအုံးမည်သာ
မြတ်နိုးခြင်းတွေ ခြေစုံရပ် ဆန့် တန်းသောလက်တစ်စုံသည်
ခွန်အားတို့ ဖြင့်သက်ဝင်၏
ထွေးပွေ့ သိမ်းပိုက်နိုင်ခဲ့ ပြီဟု လက်ရုန်းတန်းလျက်ကပင်
သို့ သော်ခရီးဆက်ရအုံးမည်သာ
ညည့်နက်ခြင်း က အာရုဏ်တက်ရန်အလို့ ငှာ ခရီးသွားခြင်းပင်တည်း
မျက်လုံးအစုံတို့ သည်ကားအာရုဏ်တက်ရန်အလို့ ငှာခရီးသွားကြကုန်၏
နှုတ်ခမ်းအစုံတို့ သည်ကားရေကိုငတ်မွတ်၏
သန်းခေါင်ထက်ညည့် နက်ခြင်းဆိုသည်ကားအာရုံများတွင်ငတ်မွတ်ခြင်းပင်ဖြစ်၏
လေပြေငယ်သည်ငါအားရိမ်းထိုးစေ၏
ခေါင်းလောင်းအို တစ်ခု ရဲ့ အသံအပိုင်းအစတို့ သည်ကားငါ့ အားညှာတာစွာကြည့် ၏
ဘာပဲဖြစ်ဖြစ်ခရီးဆက်ရဦးမည်သာ
ခုတော့ လဲ အရာအားလုံးတို့ သည်ပင်ကိုယ်အတိုင်းပင်ဖြစ်တော့
အာရုံများအကြား နာကျင်စရာတွေသာ ထင်ကျန်ခဲ့ ရ၏
ကိုယ်ခရီးကိုယ်ဆက် လှော်ခတ်ကြရအုံးမည်သာ

အခုတော့လဲ အရာ အားလုံးတို့ သည် ပင်ကိုယ်ပကတိ အတိုင်းပင်ဖြစ်တည်၏
အမှတ်ရ စရာ အာရုံတို့ နှင့် နာကျင်မှု့ ဒဏ်ရာတို့ သည်သာ ထင်ကျန်ခဲ့ ရတော့ ၏
ဘာပဲဖြစ်ဖြစ် ကိုယ့် ခရီးကိုဆက် ပန်းတိုင်မရောက် သရွေ့ လှော်ခတ်ရအုံးမည်သာ

ဘ၀ ရဲ့ တစ်ဆစ်ချိုး နင်နဲ့ ငါ ပျိုးခဲ့ တဲ့ မေတ္တာ ဒီအချိန်ဒီခါ ဒီဘ၀မှာ တစ်ခန်းရပ်ခဲ့ 
သံသရာတစ်ကွေ့  နေ ခဲ့ ပေအုံးတော့ ချစ်သူ
ယောင်္ကျားမြတ်တို့ ရဲ့ ထုံးနှလုံးမင်းမူ
တူရှူ ကိုကြည့် ရှေ့ ဆက်ရမဲ့ ခရီး နင်မပါလဲ ပြီးစေတော့ 
မထားခဲ့ ခြင်ပေမဲ့ ထားခဲ့ ရအုံးမည်သာ

ယောင်္ကျား မြတ်တို့ ရဲ့ ခွန်အားတို့နဲ့ ငါ ခရီးဆက်တော့ မယ်
အမှားနောင်တ ငါ့ အားနှိပ်စက် အမြစ်ပြတ်အောင်
ငါ ခြေမှုန်းမယ် သံသရာတစ်ကြွေး ငါ ပေးဆပ်ခဲ့  အပြစ်ရှိရင်ကြေ ပါစေ
ကန္တာရခရီးကြမ်း တို့ မှ လွတ်မြောက်ခွင့် လမ်းစ
ငါ့ ပဲ ကိုင်နှင်း ငါ လျှောက်နင်းမယ် လွမ်းစကိုဖျောက်
သံသရာလွန်မြောက်စေဖို့ 
ဘာပဲဖြစ်ဖြစ် ခရီးဆက်ရပေအုံးမည်

 

နောက်ဆုံးနှုတ်ဆက်ခြင်းပါ ချစ်သူ……………………..

In: ကဗျာ Posted By: Date: May 25, 2013
Comment #1

လေးစားပါတယ် သူငယ်ချင်း

commentinfo By: Min Khant Ko at May 25, 2013
Comment #2

အားပးသွားပါသည်။

commentinfo By: ei lay at May 25, 2013
Comment #3

အားပေးသွားပါသည်။

commentinfo By: ei lay at May 25, 2013
Comment #4

ကျေးဇူးပါ ကဗျာကို ချစ်ခင်မြတ်နိုးကြတဲ့ ညီကိုမောင်နှမ များအားလုံး ကို နောက်ဆုံးနှုတ်ဆက်ခဲ့ ပါတယ်
ဦးခင်ဝမ်းရဲ့ နဒီမင်္ဂလာသီချင်းထဲကအတိုင်းပါပဲကျွန်တော်အဖြစ်ကပေါ့ 
နှုတ်ဆက်ခဲ့ ပါတယ် ပေါ့ ဗျာ ဘ၀တစ်ကွေ့ မှာ ကဗျာတွေရေးခွင့် ရခဲ့ တယ် ခံစားချက်တွေကို အဖေါ် မဲ့ တဲ့ သူတွေအတွက် ရင်ဖွင့် ခွင့် ရတဲ့ နေရာလေး ပါ အားလုံးကို ကျေးဇူးတင်ခဲ့ ပါတယ် ကျွန်တော်ခရီးဆက်ရပေအုံးမည်

commentinfo By: Aryone Oo at May 25, 2013
Comment #5

မအိရေ တာ့ တာနော် လူမမြင်ဘူးပေမဲ့  ကဗျာမောင်နှမတွေလေ အမြဲ အားပေးခဲ့ တာ ကျေးဇူးနော်

commentinfo By: Aryone Oo at May 25, 2013
Comment #6

တလေးတစားနဲ့ပဲ အိကလည်းပြန်လည်နှုတ်ခွန်းဆက်သပါတယ်။
aryone oo နှုတ်ဆက်သလိုမျိုး အိကမနှုဆက်နိုင်တဲ့အတွက်စိတ်မကောင်းမဖြစ်ပါနှဲ့
နော်။
အိတယောက်တည်းတင်မဟုတ်လောက်ဘူးထင်ပါတယ်။
poems corner ကြီးတခုလုံးနွဲ့တကွ ကဗျာချစ်ခင်သူများအားလုံးကလည်းတူတူပါပဲ

commentinfo By: ei lay at May 26, 2013
Comment #7

ခရီးဆက်မယ့်သူကို ခရီးပျက်အောင်တော့ မတားတော့ပါဘူးးးး။
ဒါပေမယ့် ကို Aryone Oo
သတိရတဲ့ တစ်နေ့ ပြန်လာပါ
ရင်ဖွင့်စရာတွေ ပြညိ့လာတဲ့အခါ ပြန်ပါ
အထီးကျန်မှုတွေ နဲ့ မွန်းကျက်တဲ့အခါပြန်လာပါ
ကျွန်တော်တို့ ကဗျာရွာ မောင်နှမတွေ အတူတူ ရင်ဖွင့်ကြမယ်
အတူတူ ခံစားကြမယ်
အတူတူ အားပေးကြမယ်

commentinfo By: အရိပ် at May 26, 2013
Comment #8

ဟုတ်ကဲ့ ပါ ကို အရိပ်ရေ ကျေးဇူး အရမ်းတင်ပါတယ်ဗျာ ကျွန်တော်လဲ အားလုံးကိုသတိရနေမှာပါ

commentinfo By: Aryone Oo at May 26, 2013
Comment #9

🙂 🙁 :'(

commentinfo By: အရိပ် at May 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment