Professional Authors

ပိတ်ကားချ စီရင်ခြင်း

ဘာမှန်းကို မသိတော့ပါဘူးဗျာ…။
လူတွေကတော့ ပြောကြတာပဲ
ပေတံနဲ့တိုင်းလို့ မရပေမယ့်
အသွားအပြန်တော့
ရှိတယ်တဲ့…။
အချစ်ဆိုတဲ့
ဆင်ရိုင်းတစ်ကောင်ရှိတယ်
သူက မုန်ယိုနေတာ ကြာပေါ့
သူလွတ်အောင်ရုန်းခဲ့တယ်….။
ဒါပေမယ့်
သူကို သံယောဇဉ် ထူးတွေ
အထပ်ထပ်ခတ်ထားတော့
သူဘယ်လိုရုန်းနိုင်တော့မှာလဲ
ဒါကြောင့် သူ
ငြိမ်ငြိမ် ကလေးပဲနေခဲ့တယ်….။
သူမကတော့လေ
ကျွန်တော် အတွက်
အယဉ်ကျေးဆုံး
စကားလုံးတွေကိုရှာတယ်
ပြီးတော့ အလှပဆုံး
ထုံမွှမ်းခဲ့ပြီး
အရက်စက်ဆုံးနဲ့
အထက်မြ ဆုံး
ဓါးတစ်လက် ကို
သွန်းလုပ်ခဲ့တယ်….။
ပြီးတော့ အဲ့ဒီဓါးနဲ့ပဲ
လူစည်ကားရာနေရာတစ်ခုမှာပေါ့
သူမ ကိုယ်တိုင်
တရားသူကြီးလုပ်လိုက်
တရားလိုလုပ်လိုက်
အာဏာပါးကွက်သားလုပ်လိုက်နဲ့ ပဲ
စွဲ ချက်အမျိုးမျိုးတင်ကာ
ကျွန်တော့်နှလုံးသားကိုကွက်မျက်ခဲ့တယ်…။

In: ကဗျာ Posted By: Date: Aug 29, 2010
Comment #1

ြိကိုက်သွားပြီ…….ကောင်းလိုက်တာ..အားပေးနေမယ်

commentinfo By: အသဲကွဲမိုး at Oct 11, 2010
Comment #2

wow,,,
really nice writing style.
also like ur choice of words.

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment