Professional Authors

ပန်းနဲ့ပေါက်ခံရတဲ့ည

ငါ့အနာတွေက ညည်းညူနေကြတယ်

မြို့ပြမှာသာတဲ့လဆိုတော့လဲင

ါးရိုးနင်ရှာတာပေါ့

အမှားတွေကလဲ ပေါ်တလှည့်ပျောက်တလှည့်

ငါမြည်တမ်းလိုက်တာရိုးသားသွားလား

ငါ့မှာအပျင်းပြေကျောချခံရဖို့တောင်
ဓားပြမရှိပါဘူး အိမ်အောက်ကလှေကားထစ်လေးတောင
ငါ့သနားလို့

မင်းကသာပန်းနဲ့ပေါက်လိုက်တာ
ရင်ထဲမှာကျည်ဆံရာဗလပွ

ခေါင်းအုံးလေးပျောက်လို့ရှာလိုက်တာ
ငါအိမ်မက်ထဲမှာတည့်တည့်တိုးတာပဲ

ကျနော်ကိုအပြစ်မတင်ပါနဲ့

အချစ်မှာမျက်စိမပါလို့
မျက်ကြည်လွှာအလှူခံလိုက်တယ်
အဲဒါလည်းကြောင်တောင်ကန်းပါပ

အရွယ်ရောက်လာတော့လဲ
ငါခမျာသူခိုးအကြီးစားဖြစ်လို့
ဟုတ်ကဲ့
ကျနော်
သူ့အကြည့်တွေလိုက်ခိုးနေပါသည်

In: ကဗျာ Posted By: Date: Jul 18, 2010
Comment #1

နောက်ဆုံးစာသားလေးသဘောကျလို့….

commentinfo By: အမရာ at Jul 18, 2010
Comment #2

🙂

Comment #3

နောက်ဆုံးစာသားလေးကြိုက်တယ်

commentinfo By: ကြယ်စင် at Jul 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment