Professional Authors

သက်ဝေရယ်…

သက်ဝေရယ်…
ရွက်ကြွေငယ် သည်မယ်စိတ်မှာ
လွမ်းရိပ်ထင် သက်ပင်ညှိုးအောင်
ချစ်ကြိုးဖြေ ပုန်းလေရက်တယ်
နှုတ်သွက်လူလည်…

သက်ဝေရယ်…
ထက်လေ၀ယ် တိမ်ငယ်ညို့ရင်
စိုစို့တည် မျက်ရည်မိုးတွေ
သွန်ဖြိုးကာ စိတ်မှာရူးမယ်
ချစ်ဆူးမပြယ်…

သက်ဝေရယ်…
ခက်နေတယ် ညိတွယ်မိတာ
ရင်ချိအောင်  ကျွမ်းလောင်ပဲ့ကြွေ
နေခဲ့သူ  ပြစ်ယူခက်တယ်
မုန်းရက်သူရယ်…

In: ကဗျာ Posted By: Date: Jul 15, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment