Professional Authors

အသံမမြည်လို

အတွေးလှသလောက် အရေးမလှခဲ့ဘူး
အနေကောင်းသလောက်  အဖြေမကောင်းခဲ့ဘူး
ဟောဒီ  ရင်ဘတ်ကျဉ်းကျဉ်းလေးထဲ
အိပ်မက်လို  စကားလုံးလို  ပင်လယ်လို
ဆုပ်ကိုင်မပြနိုင်တဲ့  ဆန္ဒတွေ……
မုန်တိုင်းတွေ ငါ့နှုတ်ခမ်းဖျားမှာ
အားလျော့ပျက်ပြယ်
ရုပ်သေးရုပ်လိုမျိုး
လွယ်ကူပေမယ့်  ဖြေရှင်းခွင့်မရခဲ့ဘူး ချစ်သူရယ်
ကြိုးပေါ်တင်ပြီးကာမှ  ပစ်ခွင့်ရုတ်သိမ်းခံရတဲ့
မြားချက်တွေ
ဟောဒီရင်ဘတ်ထဲ  ကိုယ့်အတတ်ကိုယ်စူးနေရဲ့
အဲဒီအခါ   အဲဒီနေရာ
ရင်ပြည့်နေတဲ့  မီးငြိမ်းတောင်လိုပဲ
ကိုယ့်မျက်နှာပေါ်  ပြန်အန်ချ
လေတွေပဲ   ထွက်ကျလာခဲ့…….။           ။

In: ကဗျာ Posted By: Date: Aug 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment