Professional Authors

“အရောင်စုံလာတဲ့ စာမျက်နှာများ ”

အချိတ် အဆက်မမိတဲ့

ဒီဇာတ်လမ်း မှာ –

ကိုယ့်လမ်းကိုယ် လျှောက်မယ်လို့

ဆုံးဖြတ် ကြပြီးကာမှ

ပခုံးခြင်းတိုက် ခိုက်မိကြရင်

ငါယိုင်သွား တဲ့ အခါ နင်ဆွဲထားမလား

ငါလဲကျ တဲ့ အခါ နင်ထူမလား

မျှော်လင့်ချက်တွေ 

တစ်အိတ်ကြီးနဲ့

ရူးမိုက်မိနေတုန်း …………..။

 

ဘယ်လောက်ပဲ ပိတ်ပိတ်

ဆီမှန် လို့ စိမ့်ထွက်လာ တဲ့

အကြောင်းအရာတွေ အပေါ်

ငါ …နေသားတကျနဲ့

အဖြေချတတ်သင့်ပြီ

အစာမကျေတိုင်းသာ

အန် အန် ချရရင်

ဘဝ စာမျက်နှာတွေ

ညစ်ပတ် သွားရပေါ့ ……….။

 

လေပြေလေး တိုက်ရုံနဲ့

မုန်တိုင်း ဖြစ်သွားတာတွေ…

အရောင် တလက်လက်နဲ့

အလိုက်မှား ခဲ့တာတွေ …

ဖြူဖြူ မြင်တိုင်း

စိန်ထင်ခဲ့တာတွေ ………..

ပန်းတိုင်း မွှေးမယ်ထင်လို့

အဆိပ်သင့်ခဲ့တာတွေ ……..

ရာသီစာ ကို

အဟာရ အဖြစ်စားသုံးခဲ့တာ တွေ …..

 

ဒီလိုနဲ့ ………….

စာမျက်နှာ ၅၂၈ နဲ့ ၁၅၀၀ ပါ

ငါ့စာမျက်နှာတွေ မှာ

အရောင်တွေ စုံသွားပါရော့လား …………။



In: ကဗျာ Posted By: Date: Apr 28, 2011
Comment #1

ဒီလိုနဲ့ ………….

စာမျက်နှာ ၅၂၈ နဲ့ ၁၅၀၀ ပါ

ငါ့စာမျက်နှာတွေ မှာ

အရောင်တွေ စုံသွားပါရော့လား …………။
ဆန်ူကြယ်တဲ့စိတ်ကူးပဲ……….။

commentinfo By: အောင်ရဲသူ at Jul 5, 2011
Comment #2

အေးချမ်း
အားပေးသွားပါတယ်..။အရမ်ကောင်းပါတယ်

commentinfo By: Zinmin at Aug 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment