Professional Authors

အသံများ

ဒါ ပန်းတစ်ပွင့်ကြွေလွင့်တာမဟုတ်ဖူး
ကြယ်တစ်စင်းရဲ့ နောက်ဆုံးတေးသံ

ဒါ ကမ်းလင့်ကြိုရတာမဟုတ်ဖူး
နှုတ်ဆက်ခြင်းတို့ရဲ့နောက်ဆုံးရယ်သံ

ဒါ ပြဇာတ်တစ်ပုဒ်အတွက်တေးသွားမဟုတ်ဖူး
အလွမ်းတို့ရဲ့လှိုက်မောပဲ့တင်သံ

ဒါ ဇာတ်သိမ်းတစ်ခုမဟုတ်ဖူး
အသစ်တဖန်စဖို့နှိုးဆော်သံ

ဒါ ဖန်တီးမှု့တစ်ခုမဟုတ်ဖူး
နှလုံးတေးသွားတို့ရဲ့ငိုရှိုက်သံ

ဒါ ငါကိုယ်တိုင်မဟုတ်တော့ဖူး
စကားလုံးများရဲ့ တီးတိုးသံ

ဒါ …. ဒါ … ဒါဆို ……….
ငါ ငိုနေတာဘယ်သူ့အတွက်ပါလိမ့် ။                ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Feb 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment