Professional Authors

အလွမ်းသင့် … (Light)

 

ငါ့ရဲ့ပါးပြင်
မင်းနှုတ်ခမ်းက
အနမ်းတစ်ချက်
ပြင်းပြင်းရှရှ တမ်းတနေခိုက် … !

အခုလို
ပြီးပြည့်စုံတဲ့ အလှပဆုံး ညနေဆည်းဆာဟာ
မင်းရဲ့အပြုံးတွေလိုပါပဲလေ … !

ဘယ်လိုလှမ်းလှမ်း
မင်းနားမရောက်တဲ့ ခြေလှမ်းတွေ
မျှော်မျှော်လင့် ချန်ထားရစ်တဲ့
နှလုံးသားက နတ်နေကိုင်း
သူ့အလိုလို ကျိုးပြတ်သွားရင်း …
ငါက
ခါးသက်သက် ကော်ဖီတစ်ခွက်နဲ့
စွဲမက်ဖွယ်ရနံ့ရဲ့
ခပ်ထေ့ထေ့ လှောင်ရယ်သံအဆုံးမှာ
လျော့ရဲရဲ အပြုံးတွေနဲ့
ရီဝေေ၀ င့ါမျက်ဝန်းတွေက
ဟိုအရင် င့ါရဲ့နဘေး
မင်းထိုင်ဖူးခဲ့တဲ့ ထိုင်ခုံလေးဆီမှာ … !

 

 

င့ါရင်ထဲ

မင်းရောက်လာပြီး

မင်းကို

စချစ်မိခဲ့တဲ့ အချိန်ကစလို့

င့ါရင်ခွင်မှာ

နေရာလွတ်ဆိုတာ မရှိတော့ဘူး။

လွမ်းမောခြင်းနဲ့

ပင့်သက်ရှိုက်ခဲ့တဲ့ အချိန်တွေက

အင်္ဂလိပ်ဆောင်းရာသီလို

July လမှာကုန်ဆုံးလို့

August လမှာ ပြန်စသလို

တ၀ဲလည်လည်နဲ့ အဆက်မပြတ်ခဲ့။

ရက်ဆုပ်ပြက္ခဒိန်ရဲ့

နေ့ရက်တွေလိုပဲ

ချစ်ခြင်းမှာစီးမျောမိတဲ့

နှလုံးသားနဲ့ အချိန်တွေ

ဆုပ်ဖြဲခံရရင်းနဲ့

တစ်စတစ်စ ကုန်ဆုံးခဲ့ပြီ။

အရှေ့ဘက်ကနေ၀င်

အနောက်ဘက်ကနေထွက်

မနက် နေ့နဲ့ညများစွာထဲ

ပိုင်ဆိုင်ချင်တာများစွာနဲ့

နောက်ဆုံးတော့လည်း

အကုန်ထားခဲ့ရကာ

ဘာတစ်ခုမှ ငါရမသွားခဲ့ဘူး…………………………..(Light)

In: ကဗျာ Posted By: Date: Aug 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment