Professional Authors

ကိုးယို ကားယားနိုင်တဲ့ ပန်းပိတောက်

 

 

ပင်မြင့်ထက်က ပန်းပိတောက်
အတာ တခေါက် ရောက်လေတိုင်း
လှချင်တိုင်း လှနေပါရဲ့…
အို… အံသြစရာကောင်းလွန်းတဲ့
ရနံ့တွေကလည်း သင်းပြန့်လွန်းလှတယ်..
လေတိုက်တိုင်းလည်း ယိမ်းနွဲ့နွဲ့ ဟန်ချီလို့
ရေသဘင် ဒီသင်္ကြန်မှာပင်
ကာရံတွေ စို ကာလာ အရောင်ထင်လို့
သူနေဟန် အကိုင်းခတ်က ထင်ရှားလှလေ…။

 

ကိုးယိုကားယား လှချင်တိုင်း လှနေပါရဲ့
ယိမ်းချင်တိုင်း ယိမ်းနေပါရဲ့
ခြေတိုင်တွေလည်း ရွက်ကြွေတွေနဲ့
လစ်ဟာနေပါရဲ့ အပေါ်ယံ အဖူးပွင့်တွေကလည်း
စိုရေကြည် ဖြန်းပတ်လို့ သူနေဟန် အလှတင့်လို့
အို… ကြည့်နေသူ ပန်းအောက်ဆီက
မျက်တောင်ပင် ခက်ရမှာ မေ့ပျောက်ရလေ….။

 

အမြင့်ပင်ယံထက်မှာ တင့်တယ်လှ ပိတောက်ဝါ
နွေ အတာ သင်္ကြန်ဆီကြိုလို့ သူရောက်လာတော့
အစဉ်လာ မပျောက်အောင်လို့ အစွမ်းကုန် ထွန်းပြကြလို့
စိုနေဟန် ကိုးယိုကားယား လေယူရာ တိမ်းရှောင်တက်တဲ့
သူတို့ အလှကုန်ကို ငေးကြည့်ရ ဒီရင်အစုံမှာတော့
အလိုလေ… တွေးကြောက်လို့ ဖုံးဖိခဲ့ပေါ့…။

 

ပြေးချင်တိုင်း ပြေးနေတဲ့ အတာသင်္ကြန် အလှကားရယ်..
ခုန်ချင်တိုင်း ခုန်နေကြတဲ့ ပင်ယံထက်က ပန်းပိတောက်ရယ်…
ကြည့်ချင်တိုင်း ကြည့်နေကြတဲ့ အပင်အောက်က ပရိသတ်ရယ်…
လောင်းချင်တိုင်း လောင်းနေကြတဲ့ သူတို့ရယ်…
အပြင်းစား တိုက်ခိုက်နေတဲ့ မီးသတ်ပိုက်ကြီးရယ်..
အစိုခံ အတိုက်ခိုက် သူမတွေရယ်…
လန်ချင်တိုင်း သွားရတဲ့ အနုစား ပန်းပိတောက်တွေရယ်…
ကာကွယ်ရေ မကောင်းခံတဲ့ အပေါ်ယံ ပိတ်စတွေရယ်…
ခံစစ်ဖြစ်နေတဲ့ သူတို့ ခံတပ်ကြီးတွေက စိုစွက်နေတော့ အထင်သားကြီးနဲ့
အခုတော့လည်း အရောင်းဈေးတန်းကြီး တစ်ခုလိုပဲလေ….။

 

မရှိတော့ဘူး မရှိတော့ဘူး သွားပြီ…
ပန်းပိတောက်တွေ အရောင်းဈေးတန်းပေါ်မှာ
ဝယ်သူများလွန်းလို့ အချို့ကလည်း
အလန်းဇယားတွေလား ဆန်းစစ်ကြလို့
ရေချိန်ထိုးခဲ့ရ အဲဒါတွေက
ရေတွေစိုလို့ အလေးချိန် အသိသာကြီးနဲ့
အလေးပို ဈေးချိုလို့ စင်တင်တဲ့ည သူတို့ နွမ်းခဲရပေါ့…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Apr 13, 2012
Comment #1

မရှိတော့ဘူး မရှိတော့ဘူး သွားပြီ…
ပန်းပိတောက်တွေ အရောင်းဈေးတန်းပေါ်မှာ
ဝယ်သူများလွန်းလို့ အချို့ကလည်း
အလန်းဇယားတွေလား ဆန်းစစ်ကြလို့
ရေချိန်ထိုးခဲ့ရ အဲဒါတွေက
ရေတွေစိုလို့ အလေးချိန် အသိသာကြီးနဲ့
အလေးပို ဈေးချိုလို့ စင်တင်တဲ့ည သူတို့ နွမ်းခဲရပေါ့…

ကောင်းတယ် ကိုမြတ်မင်းရေ

commentinfo By: ကံ့ကော်မောင် at Apr 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment