Professional Authors

ရင်ခွင်၏ အခြား တဖက်အခြမ်း

တွက်ကိန်းတွေမှန်တဲ့အတွက်
ခင်ဗျားကို ကျွန်တော်..ဆုတခုအဖြစ်…မျက်

ရည်တစက်နဲ့ဒူးထောက်ဖြစ်ခဲ့တယ်
မြင်သာ..ထင်သာ..မရှိစေခဲ့သော
ကျွန်တော့.မာနဆူးသွားများအတွက်..နောက်ကွယ်မှာတော့

အထူး..ကြွေကျခဲ့ပါ့တယ်။

တကယ်ပဲ….
ကျွန်တော်ဟာ..သိပ်လွယ်တဲ့ရစ် လုံး
ကြိုးစက်တွေသွယ်ထုံးထား
အထုံးကမပြယ်…အလုံးရယ်..ပိုကာ..ကြီးလာတတ်.
အနာအဆာတွေ ..အလှအပသဖွယ်လုံးပတ်သိုင်းခြုံးထားတဲ့
ကဝေမ
ဟန်ဆောင်သမျှအပြုံးများစွာအတွက်…
အရှုံးတပွေ့တပိုက်နဲ့ငိုကြွေးထိုက်မှန်း..

ငို    ကြွေး   ရ  တိုင်း  သတိရတယ်။

ခြင်ကိုက်လို့……ခွေးကိုက်လို့….
ဌက်အော်လို့  ခွေးဟောင်လို့ ….
လို့……လို့………..စုံတကာ့စုံတဲ့
နင့်       အနာအဆာတွေ ကုစား ဖို့ အတွက်
နင့်ကြောင့်ပျိုတဲ့ငါ့အသည်းညှာ ဆိုး ကိုဖယ်
နင့်ကြောင့်နာတဲ့ငါ့နှလုံးသားဒဏ်ရာဗရာပွ ကိုခြစ်ထုတ်
ငါ့ဗလာကျင်းတဲ့..အသည်းနှလုံးကြီးနဲ့လျော်စတေးပေးခဲ့ပါတယ်
(အဲဒီအတွက်လည်း.မျက်ရည်တွေကြားက)
ငါ  အ ဆင် ပြေ  နေ    နိုင်  လောက်   ပါ      တယ်။
နင်ပျော်ပျော်ရွှင်ရွှင် အသက်ရှင် အောင်နိုင်ပါစေဖို့..တွေးဖြေ
ဖြေမိခဲ့တဲ့….ငါ့ကတိစကားတိုင်းအတွက်..

ရင်ဘတ်မှာ တံတိုင်း ကြီး…တုန်ဟီး
ငါဟာ……အသက်ရှုရှိုက်ဖို့3မိနစ်စာတောင်
ခက်ခက်ခဲခဲလုနေခဲ့ရတယ်။

(တကယ်လို့  တကယ်လို့  များ
ကျွန်မမျက်တောင်လေးတွေ..နောက်တခေါက်ပြန်ခတ်လာလို့ သူ့ မျက်နှာလေးနောက်တခါ မြင်ခွင့်ရမယ်ဆိုရင်…..ကျွန်မ….ကျွန်မ…ကို……
အဲဒီအခိုက်အတန့်လေးမှာတင်သေဆုံးသွားဖို့ဆုတောင်းပေးကြပါ-
i just wanna u 2 b the only one n last memory of my life)

In: ကဗျာ Posted By: Date: Apr 10, 2012
Comment #1

တကယ်ပဲ….
ကျွန်တော်ဟာ..သိပ်လွယ်တဲ့ရစ် လုံး
ကြိုးစက်တွေသွယ်ထုံးထား
အထုံးကမပြယ်…အလုံးရယ်..ပိုကာ..ကြီးလာတတ်.
အနာအဆာတွေ ..အလှအပသဖွယ်လုံးပတ်သိုင်းခြုံးထားတဲ့
ကဝေမ
ဟန်ဆောင်သမျှအပြုံးများစွာအတွက်…
အရှုံးတပွေ့တပိုက်နဲ့ငိုကြွေးထိုက်မှန်း..

ငို ကြွေး ရ တိုင်း သတိရတယ်။

commentinfo By: zawthetoo at Apr 10, 2012
Comment #2

i just wanna u 2 b the only one n last memory of my life
ရင်ဘတ်မှာ တံတိုင်း ကြီး…တုန်ဟီး
ငါဟာ……အသက်ရှုရှိုက်ဖို့3မိနစ်စာတောင်
ခက်ခက်ခဲခဲလုနေခဲ့ရတယ်။

တောင်းတဲ့ဆုလည်း ပြည့်ပါစေဗျာ … ပြီးတော့ ခက်ခက်ခဲခဲ လုရှုနေရတဲ့ ဝင်သက်ထွက်သက်မှာလည်း ရင်ခွင်၏ အခြားတစ်ဖက်အခြမ်း ကြည်နူးချမ်းမြေ့ပါစေ …….
ချီရွန် ( ပုလဲ )

commentinfo By: ChIr0N at Apr 10, 2012
Comment #3

i really wanna to be the only one important person till ur last memory in this life.

commentinfo By: ei lay at Apr 10, 2012
Comment #4

နင့် အနာအဆာတွေ ကုစား ဖို့ အတွက်
နင့်ကြောင့်ပျိုတဲ့ငါ့အသည်းညှာ ဆိုး ကိုဖယ်
နင့်ကြောင့်နာတဲ့ငါ့နှလုံးသားဒဏ်ရာဗရာပွ ကိုခြစ်ထုတ်
ငါ့ဗလာကျင်းတဲ့..အသည်းနှလုံးကြီးနဲ့လျော်စတေးပေးခဲ့ပါတယ်

commentinfo By: ကံ့ကော်မောင် at Apr 10, 2012
Comment #5

သြော်……..
ဘယ်လိုကွန်မန့်ပေးရမှန်းတောင်မသိတော့ဘူး ငါ့အမရာ..
ခံစားအားပေးသွားပါတယ်..

commentinfo By: poem.poem28 at Apr 11, 2012
Comment #6

တကယ်လို့  တကယ်လို့  များ
ကျွန်မမျက်တောင်လေးတွေ..နောက်တခေါက်ပြန်ခတ်လာလို့ သူ့ မျက်နှာလေးနောက်တခါ မြင်ခွင့်ရမယ်ဆိုရင်…..ကျွန်မ….ကျွန်မ…ကို……
အဲဒီအခိုက်အတန့်လေးမှာတင်သေဆုံးသွားဖို့ဆုတောင်းပေးကြပါ-

commentinfo By: May Kha at Apr 11, 2012
Comment #7

ဟုတ်….ကဲ့…ခင်ဗျာ။။။ကျွန်တော့်ကိုအားပေးတဲ့ကျွန်တော့်ကဗျာမောင်နှမများအားလုံးအထူးကျေးဇူးတင်လေးစားလျှက်ပါ..
နှစ်သက်မှာပျော်ရွှင်ကြပါစေလို့

commentinfo By: အသဲကွဲ မိုး at Apr 17, 2012
Comment #8

a khu pe ngo like p….

commentinfo By: ei lay at Apr 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment