Professional Authors

တစ်ကယ်လို့များ

မင်းပါးပြင် ထက်
သနပ်ခါးတစ်စက်ပဲတင်လိုက်
မိတ်ကပ်တွေရိုက်ရင်
မင်းအလှ ဗိုင်းရပ်စ်ကိုက်မှာစိုးတယ်

ရိုးရိုးနဲ့ ယဉ်ယဉ်ဝတ်ဆင်လဲ
ဘယ်သူမှ အပြစ်မတင်ရဲပါဘူး မိန်းကလေး
ဖောရိန်းကအသစ် ဆိုတာ
အဆိပ်ဖြစ်တတ်လို့
စိတ်မညစ်နဲ့ ၀တ်ထားလိုက် ထမီအဆင်ရိုးရိုး
မြန်မာဆိုတာ လှပြီးသား အမျိုးပါ

ပြန်လာခဲ့တော့ မိန်းကလေး
သူစိမ်းတိုင်းပြည်မှာမှ
ပညာရတာမဟုတ်ဘူး
ကကြီးခကွေးရေးတတ်ကတည်းက
မတွေးတတ်ကြပေမယ့်
မေ့မရတဲ့အမေ့အိမ်
အချိန်ပြည့် တံခါးဖွင့်လို့မျှော်လင့်
မင်းတို့လုပ်ကျွေးဖို့ အသင့်ဖြစ်ရင်ပေါ့ကွာ

ဘယ်လိုပဲခွဲခွဲ
သွေးသားထဲက စကားပြောတယ်
သယံဇာတ ပေါလဲ
ရေထဲငါးလိုက် ဖောရှောရိုက်မယ့်သူတွေအစား
ငါတို့မောင်နှမသားချင်းကို ပိုလိုချင်တယ်
ယိုစီးဝင်နေတဲ့ တိုင်းထဲချစ်တီးတွေထက်
ဘိုးဘွားဘီဘင်သွေးဆက်တွေပဲ တပ်မက်တယ်

တစ်နေ့နေ့တစ်ရက်ရက်ပေါ့
အသက်ကိုဖက်လုပ် သံသရာအရုပ်ဘ၀မှာ
ဝင်သက်ထွက်သက် အလုပ်မလုပ်တော့တဲ့အထိပေါ့
မျှော်နေမိသေးတယ်
အမိအိမ် အကြွေးတွေဆပ်ဖို့အတွက်
ငါ့လက်တစ်ဖက် ပါဝင်ခွင့်မရတောင်
ငါ့မောင်နှမ နင်တို့နဲ့တကွ
အမေ့မြေထက်က သဘာဝအရင်းအမြစ်
သွေးညှစ်သောက်ချင်တဲ့လူတွေအတွက်
အဆက်ဖြတ်ဖို့
နင်တို့ရဲ့ လက်တွေ ခဏတော့ပေးပါ ……………….

In: ကဗျာ Posted By: Date: Nov 15, 2012
Comment #1

Nice

commentinfo By: ei lay at Nov 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment