Professional Authors

ဝိပ္ပလ္လာသ မြူပြယ်ခြင်း

အရိပ်ကအရောင်
အရောင်က အတိတ်ဖြစ်
နစ်ခဲ့ရ ၀ိပ္ပလ္လာ…….

ဝေ့ရီရီ မှုန်မှုန်မှိုင်း
အရိုင်းရောင် ပျက်ပြယ်လွင့်ရန်
လင့်ခဲ့ရပါ…….

ကာလရဲ့ နေခြည်
ရွှေရည်ဖြာ ပုဝါဖွင့်တော့
မျှော်လင့်ရ အရိပ်ဟာ
ဘယ်ဆီမှာရှောင်ခွာရင်း……….

တရံရောလျှင် ပြန်မလာပါလား
ပြန်ပြောရင် ဒဏ်ရာများနဲ.
သံယောဇဉ် ကမ္ဘာခြားမှာ
(ငယ်ရေ….)
ထားခဲ့လေခြင်း။      ။
(၆.၁.၁၉၉၇ ကကဗျာလေး အမှတ်တရ ပြန်တင်တာပါ)

In: ကဗျာ Posted By: Date: Aug 25, 2010
Comment #1

ကာလရဲ့ နေခြည်
ရွှေရည်ဖြာ ပုဝါဖွင့်တော့
မျှော်လင့်ရ အရိပ်ဟာ
ဘယ်ဆီမှာရှောင်ခွာရင်း……….

တရံရောလျှင် ပြန်မလာပါလား
ပြန်ပြောရင် ဒဏ်ရာများနဲ.
သံယောဇဉ် ကမ္ဘာခြားမှာ
(ငယ်ရေ….)
ထားခဲ့လေခြင်း။ ။

လှလိုက်တဲ့ ကဗျာလေးရှင်…..
ဒီလို အရေးအသားလည်း ရတာပဲလား ကိုမိုးညို…
လေးစားမိပါတယ်ရှင်…
ရှိသေးရင်လည်း အရင်ကအဟောင်းလေးတွေပဲဖြစ်ဖြစ် ပြန်လည်မျှဝေပေးပါအုံးလို့ တောင်းဆိုပါရစေ….
ဆန္ဒရှိမှပါနော်….
ကျေးဇူးပါ…

commentinfo By: မှုံရွှေရည် at Aug 25, 2010
Comment #2

စရေးတုန်းက ကဗျာဆရာကြီးတွေလေမတူရင်ကြိုက်ကိုမကြိုက်တာ။
လေးချိုးတွေ၊လေးလုံးစပ်တွေရေးလိုက်တာအားကြီးပဲ။
ရှိသေးတယ်။ပြန်ဖတ်ရင်၇ှက်လို.။ဟီးးးးးးး
ဖတ်ချင်၇င်တိုတာလေးတွေပြန်၇ိုက်ပေးမယ်။
ရှည်ရင်လက်ညောင်းလို.

commentinfo By: မော်နီ at Aug 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment