Professional Authors

ဝေးလွင့်ခြင်းရဲ့ မနက်ဖြန်

 

လေပြေရယ်
သူမ ရနံ့တွေကို အဝေးသာ သယ်ဆောင်သွားပါတော့
ငါ့မှာ နေထွက်တိုင်း ရူးလို့
ဝေးချင်နေတဲ့ ဒီစိတ်ဟာ
သူမ မျက်ဝန်းတွေမှာ အတိတ်ကို အခါခါမေ့တယ်
တမင်တကာတွေ့အောင် စောင့်ဆိုင်းခဲ့တယ်
အဝေးကနေ လှမ်းငေးလိုက်ရရင် ပဲ ဖြစ်ဖြစ်ပေါ့
ဒါပေမဲ့…
မီးခြစ်ဆံနဲ့ဆောက်တဲ့ မျှော်စင်လေးလို
ကနွဲ့ကလျနဲ့
သူမ ကို သတိရတယ်
သူမ ကို မေ့တယ်
သူမ ကို သေဆုံးစေတယ် (အတွေးထဲမှာ)
မတတ်နိုင်ပါကွယ်
သူမ ဟာ လေပြေလို
သူမ ဟာ ငလျင်လို
သူမ ဟာ မိုးဥတုလို
ခန့်မှန်းရခက်လွန်းတယ်
ဘာကြောင့်များ ဝေးခဲ့ရလဲ
ဘာကြောင့်များ နီးနေသလဲ
ဒီခဏငယ်လေး တွေဟာ
အသိကို တတိတိ ကိုက်ဖြတ်ရင်း
လေမှာဝဲပျံနေ တဲ့ စွန် လို
ဦးတည်ရာမဲ့
တလူလူလွင့်
အဲဒီမျှော်လင့်ချက်က ပဲ ဆောင်းခိုနောက်ကျခဲ့တာပါ
ခုတော့ သူမပေးတဲ့ အချမ်းဒဏ် နဲ့
ညဟာ အေးစက်တတ်လာတယ်
ဝေးရမယ်မှန်းသိရက်နဲ့ တွယ်တာချင်တယ်
အော်…
မာတုဂါမ များကို ရှောင်ကြဉ်ပါ၏။ ။

In: ကဗျာ Posted By: Date: Feb 29, 2012
Comment #1

he,,he,,lol
ha,,ha,,rofl,,,,
daw daw soe de pu yi ta par lar naw.
kwi,,kwi,

commentinfo By: ei lay at Feb 29, 2012
Comment #2

အော်…
မာတုဂါမ များကို ရှောင်ကြဉ်ပါ၏… 😀

commentinfo By: kantkawmg at Mar 1, 2012
Comment #3

he,,he,,
be hna khar phat phat,,kyike de.

commentinfo By: ei lay at Mar 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment