Professional Authors

တစ်ဖတ်သတ်

တဝုန်းဝုန်းနဲ့
လှိုင်းတွေက
တည်ငြိမ်ကမ်းစပ်ကို
တိုက်စားလို့
နင်ငါ့ရင်ထဲကိုရောက်လာခဲ့တယ်…။

မခြွေခင်က
ကြွေလို့
နင့်နှုတ်ဖျားက
နူးညံ့တဲ့အမိန့်ကို
နာခံဖို့အသင့်ဖြစ်နေပြီ…။

အရှေ့ဘက်မှာ
ထွက်စပြုနေတဲ့
လမင်းရဲ့ အမိန့်အတိုင်း
ငါ့နှလုံးသားကို
နေဝင်ခိုင်းဖို့
အားမထုတ်နဲ့ဦး…။

အသိခေါက်ခက်
မိုက်တွင်းနက်တဲ့တွက်
နောက်ဆုံးရလာဒ်က
ကြိုးစင်တက်ဖို့
သေမိန့်ကျပြီးသား…။

ဓားသွားပေါ်က
ပျားရည်စက်ပေမယ့်
ငါ့မာနတွေကို
ဥပေက္ခာပြု ခဝါချလို့
ချိုမြိန်မြိန် ဒုက္ခတွေကို
ဟန်မပျက်
စားသုံးလိုက်ဦးမယ်…။

In: ကဗျာ Posted By: Date: Aug 19, 2010
Comment #1

good per…

commentinfo By: Hla Myint at Sep 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment